Huawei နဲ့ Oppo တို့ပူးပေါင်းပြီး နည်းပညာမျှဝေသွားမည်

အကျဥ်းချုံးလုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ Huawei နဲ့ Oppo တို့ဟာ နည်းပညာပိုင်းဆိုင်ရာတွေ မျှဝေသွားဖို့အတွက် သဘောတူစာချုပ်ချုပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ 5G, Wi-Fi နဲ့ audio/video codecs နည်းပညာပိုင်းတွေကို အဓိကမျှဝေသွားမှာပါ။ အသေးစိတ်ထုတ်ပြန်မှု လုပ်ထားပေမယ့် Huawei က Oppo ကို 5G နည်းပညာပိုင်းမှာ ကူညီသွားမှာဖြစ်ပြီး၊ အပြန်အလှန်အနေနဲ့ Oppo က Huawei ကို Audio နဲ့ Video Codec ပိုင်းကူညီမှာ ဖြစ်နိုင်ပါတယ်။ Huawei ကို Connectivity နည်းပညာရှေ့ရောက်နေပြီး၊ Oppo ကတော့ high-quality audio နဲ့ video consumer electronics ပိုင်းမှာ နာမည်ရထားပါတယ်။

US က ဆန်ရှင်ခံထားရတဲ့ Huawei အနေနဲ့ နည်းပညာပိုင်းမှာ တစ်မျိုးတစ်ဖုံ ချောင်ထိုးခံရသလိုဖြစ်နေသလို၊ တစ်ခြား ကုမ္ပဏီတစ်ခုနဲ့ပူးပေါင်းပြီး China အပြင် တစ်ခြားနိုင်ငံတွေကို Huawei 5G နည်းပညာ အရသာပေးဖြစ်ပါတယ်။ ဒီပူးပေါင်းမှုရဲ့ တစ်ကယ့်ရည်ရွယ်ချက်အစစ်ကို စောင့်ကြည့်ရမှာဖြစ်တာမို့ နောက်ပိုင်းမှာ ဘယ်လို နည်းပညာသစ်တွေလာမလဲဆိုတစောင့်ကြည့်ရပါမယ်။ ဘာပဲဖြစ်ဖြစ် အသုံးပြုသူတွေအကျိုးရှိတဲ့ ပူးပေါင်းမှုတွေကိုတော့ ကျွန်တော်တို့က အမြဲကြိုဆိုရမှာဖြစ်ပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Ai Powered Chatbot

Next
Next

Nothing Phone 2 လာဖို့မရှိသေးပဲ ရှိပြီးသား Product တွေပေါ်ပဲ အာရုံစိုက်မယ့် Carl Pei