Nothing Phone ဟာ Oneplus ကိုပြိုင်ဖို့ထုတ်တာမဟုတ်ပဲ Apple နဲ့ပြိုင်ဖို့ထုတ်ထားတယ်လို့ဆိို
OnePlus ရဲ့ Former CEO ဖြစ်တဲ့ Carl Pei အနေနဲ့ Nothing Phone ထွက်တော့မယ်အကြောင်းကို ပြောပြရင်းနဲ့ OnePlus ကိုပြိုင်ဖို့မဟုတ်ပဲ Apple ကိုအထိက ဈေးကွက်ယှဥ်ဖို့အတွက် လုပ်သွားမယ်လို့ Live Stream ထဲမှာပြောသွားခဲ့ပါတယ်။ အသစ်ထွက်မယ့်ဖုန်းကို Phone 1 လို့ခေါ်သွားမှာဖြစ်ပြီး Android Os ကိုအဓိကသုံးမယ်လို့ ဆိုပါတယ်။ Chipset ကတောာ့ Qualcomm ရဲ့ Snapdragon ကိုပဲသုံးမယ်လို့ဆိုပါတယ်။
The Phone 1 ဟာ ကုမ္ပဏီရဲ့ ဒုတိယမြောက် Product ဖြစ်လာမှာဖြစ်ပြီး သူ့အရင်တုန်းက Ear 1 True Wireless Earbuds ကိုမနှစ်က ထုတ်လုပ်ထားပါသေးတယ်။ Teaser ထဲကအတိုင်းဆို နောက်ကျောပြင်မှာ မီးလိုင်းတွေပြေးထားတဲ့ပုံဖြစ်ပေမယ့် နားကြပ်လိုမျိုး ဖောက်မြင်ရတဲ့ဒီဇိုင်းလလာဦးမလားဆိုတာ စောင့်ကြည့်ရပါမယ်။ ဒါပေမယ့်ဖုန်းရဲ့ အတွင်းပိုင်း အစိတ်အပိုင်းတွေအကြောင်းကိုတော့ အသေးစိတ်ပြောပြ မသွားသေးပါဘူး။ အရင်တုန်းက BlackBerry လိုမျိုး Notification အတွက်သုံးမလားဆိုတာ စဥ်းစားစရာပါပဲ။ "ဖြစ်ကောင်းဖြစ်နိုင်ပါတယ်" လို့ Carl Pei ကဆိုပါတယ်။
အတွင်းပိုင်း Os နဲ့ပတ်သတ်ရင်တော့ Carl Pei ကဒီနေ့ပဲ Nothing OS ပုံတစ်ချို့ကို ထုတ်ပြခဲ့ပါတယ်။ Pure Android ကိုပဲ သေသေချာချာသုံးထားတာတွေ့ရပြီး ဒီ OS ရဲ့ အဓိကကာလာကတော့ အနက်ရောင်တွေကို သေသေချာချာသုံးထားတာမို့ Minimalist look ကိုတော့ သေချာခံစားရပါတယ်။ Interface Font တွေကိုလည်း အစက်အပျောက်တွေနဲ့ ပုံဖော်ထားပြီး အနက်များများ၊ အဖြူ၊ အနီအနည်းငယ်နဲ့ ရိုးရိုးရှင်းရှင်းပဲ ပုံဖော်ထားပါတယ်။ အသံပိုင်းနဲ့ပတ်သတ်ပြီးတော့ Carl Pei ကသေသေချာချာ စမ်းကြည်ဖို့ တိုက်တွန်းတာကြောင့် အသံပိုင်း အထူးအသားပေးထားမလားဆိုတာလည်း စိတ်ကူးကြ ည့်ရပါမယ်။
Nothing ဖုန်းကို အစပိုင်းမှာတုန်းက Essential လို့ခေါ်ဖို့စဥ်းစားခဲ့သေးပေမယ့် Nothing ကိုပဲ ရွေးချယ်ဖြစ်ခဲ့တယ်လို့လည်း ပြောခဲ့ပါသေးတယ်။ Nothing ဖုန်းရဲ့ Design, Hardwarer, Software တွေဟာ အဓိကဦးတည်ချက်တစ်ခုကိုပဲ ရည်ရွယ်ထုတ်လုပ်ထားတယ်လို့ဆိုပါသေးတယ်။ Dyson Electronic ရဲ့နာမည်ကြီး Designer ဖြစ်တဲ့ Adam Bates က Nothing မှာ Design Director အဖြစ် တာဝန်ယူထားပါတယ်။
Nothing ရဲ့အဓိကရည်ရွယ်ချက်က Apple ရဲ့ Eco System ကိုအဓိကယှဥ်ပြိုင််ဖို့ဖြစ်တယ်လို့ Carl Pei ကဆိုပါတယ်။ WWDC 2021 တုန်းက ဓာတ်ပုံတစ်ခုကို Apple Device တွေပေါ်မှာ လွယ်လွယ်ကူကူ ပို့ဆောင်နိုင်တာကို မြင်ပြီးကတည်းက Apple Ecosystem လိိုမျိိုး Nothing လည်း တစ်နေ့ဖြစ်လာမယ်လို့ Carl Pei ကကြိုးစားမယ်လိို့ဆိုပါတယ်။
Android Phone နယ်ပယ်ထဲမှာ Phone Brand တွေတော်တော်များများ User ဖက်ကိုလိိုက်ပြီး တစ်ဖြည်းဖြည်း Android အနှစ်သာရပျောက်သွားပေမယ့် Nothing ဖုန်းအနေနဲ့ ရေရှည်မှာ ထိန်းထားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Ref : The Verge