၂ ရက်အတွင်း ၂ ကြိမ်မြောက် Software Outage ဖြစ်သွားတဲ့ Apple

Apple Service တစ်ချို့ဟာ အင်္ဂါနေ့က ဒုတိယအကြိမ်ထပ်ပြီး Outage ဖြစ်သွားပြန်ပါတယ်။ တနင်္လာနေ့တုန်းကလည်း Apple Service တစ်ချို့ down သွားတာတွေဖြစ်ခဲ့ပါသေးတယ်။ Apple System Status Page ကတော့ Apple Music, Podcasts, Books နဲ့ App Store တို့အနေနဲ့ ပြန်ပြီး အဆင်ပြေသွားပြီလို့ ဆိုပါတယ်။ Down သွားတဲ့အချိန်ဟာ ၂ နာရီခန့်ကြာပြီး အသုံးပြုသူတစ်ချို့ဆီမှာ ခုလိုပြဿနာတွေရှိခဲ့တယ်လို့ဆိုပါတယ်။

ကံကောင်းစွာနဲ့ပဲ iMessage, iCloud, Apple Maps နဲ့ App TV တို့ကတော့ တစ်ခြား Servicesတွေလို Down သွားတာမဖြစ်ပါဘူး။ Outage ဖြစ်နေစဥ်မှာ Apple အနေနဲ့ Weather, Game Center, Apple Card, iCloud Web Apps တွေအနေနဲ့ အသုံးပြုရတာ နှေးသွားတာ၊ ပြတ်သွားတာမျိုးအနည်းငယ် ပြဿနာရှိနေမယ်လို့ ကြေငြာထားခဲ့ပါတယ်။ ဒါပေမယ့် ခုလောလောဆယ်မှာတော့ ဒီပြဿနာတွေကို ဖြေရှင်းပြီးသွားပြီလို့ ဆိုပါတယ်။

Outage ဖြစ်နေစဥ်အတွင်းမှာ တစ်ချို့အသုံးပြုသူတွေအနေနဲ့ သုံးလို့ရနေခဲ့ပြီး လူဦးရေအနည်းငယ်သာ ဒီ Outage ကိုခံစားခဲ့ရတယ်လို့ဆိုပါတယ်။ Apps Download လုပ်လို့မရတာမျိုး၊ Update ပေးလို့မရတာမျိုးတွေကြုံရတယ်လို့ သုံးစွဲသူအချို့က The Verge ကိုပြောခဲ့ပါတယ်။ Download ဆွဲတဲ့အခါ Progress Circle ကိုနှိပ်လိုက်ရင် လည်သွားပြီးနောက် Downloadမဖြစ်ပဲ Fail သွားပြီး Download ကိုပဲပြန်ရောက်လာတာဖြစ်ပါတယ်။ ခုတော့ Apple Music လည်းပြန်ကောင်းလာပြီး App Store လည်းပြန်အလုပ်လုပ်လာပါပြီ။

Downdetector မှာလည်း ဒီ Downtime ကိုမှတ်တမ်းတင်ထားပါတယ်။ လူပေါင်း ထောင်နဲ့ချီ Apple Store နဲ့ Apple Music Downtime ကိုခံစားခဲ့ရပြီး အင်္ဂါနေ့ ညနေ ၅ခွဲလောက်မှာတော့ Services တွေအကုန်ပုံမှန်ပြန်ဖြစ်သွားတယ်လို့ မှတ်တမ်းတင်ထားပါတယ်။

Apple အနေနဲ့ ခုလိုတစ်ပတ်အတွင်း ၂ ရက်ဆက်တိုက် Downtime ဖြစ်ခဲ့တာဖြစ််ပါတယ်။ Downtime တွေဟာမကြာပေမယ့် iMessage လို App တွေ Downမသွားတာဖြစ်တဲ့အတွက် Server Upgradeဖြစ်နိုင်တယ်လို့ ကွန်ပျူတာပညာရှင်အချို့က ဆိုပြီး Cyber Attack တော့မဟုတ်နိုင်ဘူးလို့ ဆိိုထားပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Nothing Phone ဟာ Oneplus ကိုပြိုင်ဖို့ထုတ်တာမဟုတ်ပဲ Apple နဲ့ပြိုင်ဖို့ထုတ်ထားတယ်လို့ဆိို

Next
Next

WhatsApp ကိုကျော်တက်ပြီး ရုရှားမှာ လူသုံးအများဆုံးဖြစ်လာတဲ့ Telegram