ဖုန်းတွေကြားမှာ Data ပြောင်းမယ်ဆိုရင်

မိတ်ဆွေအတို့အနေနဲ့ ဖုန်းခဏခဏ လဲကိုင်တတ်တဲ့ အကျင့်ရှိသူဆိုရင် ကြုံရတတ်တဲ့ ပြဿနာကတော့ ဖုန်းတစ်ခုနဲ့ တစ်ခုအကြား Data တွေပြောင်းရတာ အတော်လေးကြာတတ်တဲ့ ပြဿနာကို ကြုံရမှာပါ။ Internet ကောင်းတဲ့နိုင်ငံမှာဆိုရင်တော့ Google အကောင့်နဲ့ ဖုန်းတစ်ခုလုံးကို နောက်ဖုန်းတစ်လုံးကို Syn လုပ်ပြီး အသုံးပြုရတာဖြစ်နိုင်သေးသလို android တွေမှာ Brand အတူတူချင်းဆို Phone Data Migrate လုပ်တဲ့ Feature တွေလည်း ပါလာပါပြီ။

ဒါပေမယ့် ကိုယ်က Xiaomi ကိုင်လိုက်၊ Oppo ကိုင်လိုက်၊ Vivo ကိုင်လိုက်လုပ်တတ်တဲ့သူဆိုရင်တော့ အတော်လေးတိုင်ပတ်မယ့် ကိစ္စပါပဲ။ ဒီအတွက်လည်း အထက်ပါ ကုမ္ပဏီ ၃ ခု အတူတူပူးပေါင်းပြီး အချင်းချင်းကြားမှာ Data Migrate လုပ်ဖို့အတွက် Third-party App မလိုပဲပြောင်းနိုင်အောင် လုပ်ဆောင်သွားမယ်လို့ Weibo မှာကြေငြာလိုက်ပါတယ်။

ဝမ်းနည်းစရာကောင်းတဲ့အချက်က အဆိုပါလုပ်ဆောင််ချက်ကို China Region အတွက်ပဲထုတ်ပေးမှာဖြစ်ပြီး International သမားတွေအတွက်တော့ တရားဝင်ရနိုင်မှာမဟုတ်ပါဘူး။ တစ်ဖက်ကလှည့်တွေးရရင်လည်း Google Service တွေမရနိုင်တဲ့ တရုတ်ပြည်တွင်းက Android သမားတွေအတွက်တော့ ဝမ်းသာစရာပါပဲ။ တရုတ်ပြည်တွင်း App Dev တွေအနေနဲ့လည်း ပြည်တွင််းဈေးကွက်ကိုချဲ့ထွင်ဖို့ အတော်လေးကြိုးစားကြတာကို တွေ့နိုင်ပါတယ်။

Ref : Android Police

#AkhayarTech


Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Nothing Ear 2 အကြောင်း

Next
Next

လူ ၁သောင်းလောက် အလုပ်ထပ်ဖြုတ်ဦးမယ့် Amazon