Notch အစား “Pill+Hole” design ထွက်လာနိုင်တဲ့ iPhone 14 Pro Render Design များ

လွန်ခဲ့တဲ့တစ်နှစ်လောက်က Display တွေကို Support လုပ်ပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Ross Young က Notch တွေကိုစွန့်ခွာချိန်ရောက်ပါပြီဆိုပြီး Tweet ထားပါတယ်။ အဆိုပါ Tweet အရ iPhone 14 မှာ တော့ Notch ဆက်သုံးပြီး 14 Pro မှာတော့ "Pill+Hole" ကို သုံးသွားမယ်လို့ဆိုပါတယ်။

CAD-based renders တွေအရ iPhone 14 Pro မှာ "Pill+Hole" ကိုသုံးထားပါတယ်။ IR Camera နဲ့ Emitter ကို Pillထဲမှာ ထည့်ထားပြီး Selfie Camera ကိုတော့ Punch Hole ထဲမှာထည့်ထားတယ်လို့ဆိုပါတယ်။ ဒီအပေါက်တွေကြားထဲက Display Area တွေဟာ Active Pixel တွေမို့ပို Function လည်းဖြစ်တယ်လို့ဆိုပါတယ်။ ခုလိုပုံပြောင်းလိုက်တဲ့အတွက် ထိပ်ပိုင်းမှာလည်း ပိုပြီးနေရာတွေလွတ်သွားမှာမို့ Noti တွေအတွက်အဆင်ပြေသွားမှာပါ။

နောက်ထပ်ကတော့ Face ID အတွက်လိုအပ်တဲ့ Sensor တွေကို Display အောက်ကိုရွှေ့ပြီး Camera ကို Punch Hole အနေနဲ့ပဲထားမယ်ဆိုတာပဲဖြစ်ပါတယ်။ Underdisplay အတွက်တော့ Apple အနေနဲ့ဖြစ်လာဖို့ကြာဦးမယ်လို့ခန့်မှန်းရပြီး "Pill+Hole" Design ကိုပဲ မျှော့်လင့်ရမယ်လို့ဆိုပါတယ်။ ဒါကြောင့်မို့ လောလောဆယ်ထွက်ထားတဲ့ Render တွေကအဖြစ်နိုင်ဆုံးဖြစ်ပါတယ်။

Render Design တွေမှာ Lighting Port နဲ့ Card Slot ပါဝင်နေတာကို တွေ့နိုင်ပြီး Apple Fan တွေနှစ်တိုင်းမျှော်လင့်နေကြဖြစ်တဲ့ USB-C နဲ့ Physical Sim အစား E-sim ကိုသုံးဖို့ဆိုတာမျိုးက ဖြစ်လာဖို့ဝေးဦးမယ်လို့လည်း သိရပါတယ်။ ဒါ့အပြင်ဒီနှစ်မှာ Pro model နဲ့ ရိုးရိုး Model တွေကြား ကွဲပြားမှုတွေများမယ်လို့လည်း သိရပါတယ်။
တစ်ခြားမျှော်လင့်လို့ရတာတွေက Apple A16 chip ကို Pro Model တွေကိိုသုံးသွားပြီး A15 ကိုတော့ Base Model တွေမှာပြန်သုံးသွားမယ်ဆိုတာပါပဲ။ ဒီအချက်အလက်တွေက Final Design မဟုတ်သေးလို့ အတိအကျ ခန့်မှန်းဖို့ခက်ခဲဦးမှာပါ။

Ref : GSMARENA

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ယူကရိန်းသမ္မတရဲ့ Deepfake Video တွေကို Facebook ကဖျက်ပစ်ခဲ့

Next
Next

အကောင့်မျှသုံးရင် ပိုက်ဆံအပိုကောက်တော့မယ့် Netflix