အကောင့်မျှသုံးရင် ပိုက်ဆံအပိုကောက်တော့မယ့် Netflix

ဘယ်လောက်ပဲ Netflix အနေနဲ့ဈေးတွေတက်တက် ခုလိုဆုံးဖြတ်ချက်ကတော့ သိပ်မမိုက်ပါဘူး။ ခန့်မှန်းချက်တွေအရ 15% နှုန်းသော Netflix အသုံးပြုသူတွေဟာ အကောင့်ကို သူငယ်ချင်းတွေနဲ့ အတူတူရှဲပြီိးသုံးနေတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် Netflix အနေနဲ့ ခုလိုအကောင့်ရှဲပြီီး သုံးနေတာတွေကို နိုင်နိုင်နင်းနင်း အရေးယူဖို့လုပ်နေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ဂုန်းဆင်းနေတဲ့သူတွေအနေနဲ့ အကောင့်ဝယ်ဖို့ပြင်ထားကြပါ။

Netflix အနေနဲ့ လောလောဆယ်မှာ လုပ်ဆောင်ချက်အသစ်တစ်ချို့ကို Peru, Chile, Costa Rica တို့မှာ စမ်းသပ်နေပြီး အကောင့်ကိုသူငယ်ချင်းတွေ၊ မိသားစုတွေအချင်းခချင်း ရှဲလို့မရအောင်စမ်းသပ်နေတာဖြစ်တယ်လို့ဆိုပါတယ်။ ပထမဆုံးအနေနဲ့ မိန်းNetflix အကောင့်ကို လူ၂ယောက်အပိုထည့်လို့ရအောင် ပြုလုပ်လိုက်ပြီး တစ်ယောက်ကို လစဥ်ကြေးအနည်းငယ်ပဲကောက်ခံတဲ့ ဝန်ဆောင်မှုပဲဖြစ်ပါတယ်။ အကောင့်ခွဲတွေဟာ ပုံမှန်အေကာင့်တွေလိုပဲ ကိုယ်ပိုင် Login, Password, recommendations တွေပါဝင်မှာပါ။ အကောင့်ခွဲတွေအနေနဲ့ တစ်လကို $2-$3 ကျသင့်မှာဖြစ်ပြီး နိုင်ငံပေါ်မူတည်ပြီး ဈေးကွာသွားပါမယ်။ နောက်ထပ်ရွေးချယ်စရာကတော့ ရှိပြီးသား Main Account ကို Sub-account ကိုပြောင်းတာပဲဖြစ်ပါတယ်။ အကောင့်တစ်ခုကို တစ်လှည့်စီစိတ်ညစ်ခံပြီး မျှမသုံးပဲ ဈေးနည်းနည်းနဲ့ သုံးလို့ရအောင် လုပ်ပေးလိုက်တဲ့သဘောပါပဲ။

တစ်ယောက်ကြည့်နေတုန်း နောက်တစ်ယောက်စောင့်နေတဲ့ ဒုက္ခကို မခံစားရအောင် ဈေးနည််းနည်းနဲ့ Netflix ကိုပေးသုံးလိုက်တဲ့သဘောပါပဲ။ ဒါပေမယ့်နောက်ပိုင်းမှာတော့ ပိုပြီးကြမ်းတဲ့ အကောင့်စနစ်တွေနဲ့ အကောင့်ဘန်းတာတွေရှိလာမယ်လို့ ခန့်မှန်းရပါတယ်။ ပြီးခဲ့တဲ့တစ်နှစ်လောက်က Netflix Login မှာ အကောင့်ပိုင််ရှင်နဲ့အတူတူမနေရင် အကောင့်ကိို ရှဲပြီးသုံးခွင််မရှိကြောင်း သတိပေးစာပေါ်လာခဲ့ပါသေးတယ််။ လောလောဆယ်မှာတော့ Region Lock အနေနဲ့ စမ်းသပ်နေပေမယ့်နောက်ပိုင်း Device IMEI, IP တွေနဲ့ မှတ်ပြီး အကောင့်ရှဲရင် ဘန်းတဲ့လုပ်ဆောင်ချက်တွေပါလာတော့မယ်လို့ ခန့်မှန်းရပါတယ်။ လာမဲဲ့လအနည်းငယ်အတွင်း အကောင့်ရှဲသူတွေကို ဘန်းတာတွေ၊ လုံးဝအကောင့်ပိတ်ချတာတွေ ရှိလာမှာဖြစ်တယ်လို့ ဆိုပါတယ်။

Password ရှဲတယ်ဆိုကတည်းက Company ရဲ့ ဝန်ဆောင်မှုသဘောတူညီချက်ကို ဖောက်ဖျက်ရာကျပါတယ်။ တိတိကျကျပြောရရင် ဝန်ဆောင်မှုသဘောတူညီချက် Section 4.2 ကိုဖောက်ဖျက်တာပါ။ ဒါပေမယ့်ကုမ္ပဏီအနေနဲ့ ခုချိန်ထိတော့ အကောင့်မျှသုံးတာတွေကို ထိထိရောက်ရောက် အရေးယူတာတွေမရှိသေးပါဘူး။ ခုတော့ ဆုံးရှုံးမှုတွေရှိလာလို့ အတည်အရေးယူတာတွေရှိလာတော့မယ်လို့ဆိုပါတယ်။

Ref : Android Police

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Notch အစား “Pill+Hole” design ထွက်လာနိုင်တဲ့ iPhone 14 Pro Render Design များ

Next
Next

vivo သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး 50MP AF ရှေ့ကင်မရာပါဝင်သည့် ပါးလွှာသောဒီဇိုင်းပုံစံဖြင့် V23e ကို မိတ်ဆက်ပေးခဲ့သည်