ယူကရိန်းသမ္မတရဲ့ Deepfake Video တွေကို Facebook ကဖျက်ပစ်ခဲ့

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Faceboook ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Meta က ယူကရိန်းသမ္မတ ဇလန်စကီး ရုရှားကို လက်နက်ချလိုက်ပြီလို့ ပြောကြားထားတဲ့ Deepfake Video တစ်ခုကို Facebook ပေါ်ကနေ ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။

ဒီ Video ကိုHackခံထားရတဲ့ TV24 ဆိုတဲ့ ယူကရိန်း မီဒီယာ Website တစ်ခုကတင်ခဲ့တာဖြစ်ပါတယ်။​ Video ထဲမှာ သမ္မတ ဇလန်စကီးအနေနဲ့ မိန့်ခွန်းပြောစင်နောက်မှာ ယူကရိန်းနိုင်ငံက ခုခံနေတဲ့သူအပေါင်းကို လက်နက်ချဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီလို့ ပြောကြားထားတာဖြစ်ပြီး ယူကရိန်းအာဏာပိုင်တွေက ဘယ်တုန်းကမှ ခုလိုထုတ်လွှင့်ခဲ့ခြင်းမရှိပဲ အတုသာဖြစ်ကြောင်း အတည်ပြုထားပါတယ်။
Video ကိုသေချာကြည့်ရင်် ဇလန်စကီးရဲ့ ခေါင်းဟာ ပုံမှန်ထက်ပိုကြီးနေပြီး နောက်ခံဘက်ဂရောင်းထက်လည်း ပိုပြီး Pixelated ဖြစ်နေတာကိို တွေ့ရနိုင်ပါတယ်််။ ဒါ့အပြင် အသံတုဟာ အပြင်ကအသံထက်ပိုပြီး သြလည်းသြနေပါသေးတယ်။

Meta ရဲ့ Head of Security ဖြစ်တဲ့ Nathaniel Gleicher ကတော့ Twitter မှာ ဒီဗီဒီယိုကို ဖျက်ချလိုက်ပြီဖြစ်ကြောင်းကို " ကျွန်တော်တို့ Meta အဖွဲ့အနေနဲ့ ဒီ Deepfake Video ကို ဖျက်ချခဲ့လိုက်ပါပြီ။ Hack ခံရတဲ့ Websiteကနေ ပြန့်လာတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။" လို့ရေးသားထုတ်ပြန်ထားပါတယ်။

လဆန်းပိုင်းတုန်းကလည်း ယူကရိန်းအာဏာပိုင််တွေအနေနဲ့ အင်တာနက်ပေါ်မှာ သမ္မတ ဇလန်စကီးလက်နက်ချကြောင်း Video တွေတက်လာရင်မယုံဖို့ ကြေငြာထားပါတယ်။ ဒီလုပ်ရပ်တွေကို ရုရှားအစိုးရက အဓိကထားပြီး လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း ယူကရိန်းအစိုးရက ထုတ်ပြန်ထားပါတယ်။ "နည်းပညာမြင့် Video တွေဆိုရင် ခွဲခြားရတာ အရမ်းခက်ခဲလို့ သတိထားဖို့ပြောချင်ပါတယ်။ ရုရှားတွေက ဒီလိုစိတ်ဓာတ်ရေးရာကို ပျက်ပြားအောင်လုပ်တဲ့ နည်းတွေကိုသုံးပြီး ယူကရိန်းပြည်သူတွေ စိတ်ဓာတ်ပျက်ပြားအောင် လုပ်နေတာပါ"လို့ ယူကရိန်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

Deepfake Video ပြန့်ပြီးတဲ့နောက် ယူကရိန်းသမ္မတ ဇလန်စကီးရဲ့ Official Instagram ကနေပြီး Video ကအတုဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ "ခုလိုကလေးကလားဆန်တဲ့ Video တွေလုပ်မဲ့အစား ရုရှားစစ်သားတွေ လက်နက်ချပြီး အိမ်ပြန်ဖို့ အကြံပေးချင်ပါတယ်"လို့ သူကထုတ်ပြန်ထားပါတယ််။

အမေရိကန် ၂၀၂၀ ရွေးကောက်ပွဲပြီးကတည်းက Deepfake Video တွေကို Facebook ကနေဘန်းနေခဲ့တာပါ။ နည်းပညာနဲ့ အသိဉာဏ်တုတွေနဲ့ လုပ်ထားတဲ့ လူတွေကို အမှတ်မှားစေနိုင်တဲ့ ဘယ် Video ကိိုမဆို Facebook ကနေဖျက်ချသွားမယ်လို့ Facebook ကဆိုထားပါတယ်။

Ref: The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Google Android App မှာ လွန်ခဲ့တဲ့၁၅မိနစ်အတွင်း ကSearch History ကို လွယ်လွယ်ဖျက်လို့ရတော့မယ်

Next
Next

Notch အစား “Pill+Hole” design ထွက်လာနိုင်တဲ့ iPhone 14 Pro Render Design များ