Nokia ရဲ့ Pure UI

ကျွန်တော့်မှာ အကျင့်တစ်ခုရှိတယ်။ UI ဆိုရင် ရှင်းလင်းနေမှ၊ Wallpaper ဆိုရင်လည်း Minimalist Material Wallpaper တွေကိုသဘောကျတယ်။ တစ်နေကုန်နီးပါး ကြည့်နေရတဲ့ဖုန်းမှာ ရှုပ်နေတာမျိုးကို မခံစားနိုင်တာမျိုးပေါ့။ အဲ့တာကြောင့် သုံးခဲ့သမျှ​ Android(iPhone လည်းမကိုင်ဘူးသေးပါဘူး :3)ဖုန်းတွေမှာ Icon တွေ၊ Theme တွေ၊ Wallpaper တွေကို တတ်နိုင်သလောက်ရှင်းလင်းပြီး Grey Color တွေပဲသုံးခဲ့တာ။ အကြိုက်ဆုံး OS ကိုပြောပါဆိုရင် Oxygen OS နဲ့ Pure Android ပါပဲ။

ဘာလို့ဒီလို အစချီနေလဲဆိုရင် Nokia Dev Team ကအသစ်ထုတ်လိုက်တဲ့ Pure UI ဆိုတာကို အတော်လေး သဘောကျနေမိလို့ပါ။ ဒီ UI ကို Nokia ဖုန်းတွေတင်မဟုတ်ပဲ၊ Nokia Product တွေအကုန်လုံးမှာထည့်သုံးသွားမယ်လို့ ဆိုပါတယ်။ သူရဲ့ Design ကရှင်းလင်း ကျစ်လစ်ပြီး အတော်လေး Minimalist ဖြစ်တယ်လို့ဆိုရမယ်။ Icon တွေကလည်း One Line Drawing နဲ့သွားထားလို့ ချစ်စရာလေးတွေပါ။ သုံးနေတဲ့ Device ပေါ်မူတည်ပြီး Storke တွေ၊ Bold တွေလည်း ပြောင်းနေဦးမှာပါ။ Font Typo တွေလည်း အသစ်တွေပါပါတယ်။

Dark Mode အတွက်လည်း တစ်ခါတည်းထုတ်ပေးမှာဖြစ်သလို၊ Multi Device ဆိုတော့ Smartwatch, Personal Laptop စတဲ့ Device ကြီးငယ်တွေလည်း ပါဝင်နေမှာဖြစ်ပါတယ်။ Pure ကိုအသည်းအသန်ကြိုက်တဲ့ သူမို့လို့ ကျွန်တော်ကတော့ Hype နေပြီ...

မိတ်ဆွေတို့ထဲမှာရော Pure Look ကိုကြိုက်ပြီး Nokia ကို အချစ်ဦးလေးလို မှတ်မိနေတဲ့သူတွေရှိလားဗျ??

Ref : GSMArena

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ChatGPT အသုံးပြုမှုကို ပိတ်ပင်လိုက်တဲ့ Italy

Next
Next

မတူညီတဲ့ ကုမ္ပဏီ ၆ ခုခွဲသွားမယ့် Alibaba