မတူညီတဲ့ ကုမ္ပဏီ ၆ ခုခွဲသွားမယ့် Alibaba

Alibaba ဆိုတာ အာရှရဲ့ ယန်စီမြစ်ကြီးထဲက မိကျောင်းကြီးပါ။ Alibaba အနေနဲ့ ခုချိန်မှာတော့ မိခင်ကုမ္ပကြီးတစ်ခုတည်းအဖြစ် မရပ်တည်တော့ပဲ မတူညီတဲ့ ကုမ္ပဏီ ၆ ခုအဖြစ် ခွဲပြီးရပ်တည်တော့မှာဖြစ်ပါတယ်။ ခွဲသွားမယ့် ကုမ္ပဏီတွေကတော့

1.Cloud Intelligence Group (cloud solutions)

2. Taobao Tmall Commerce Group (local online commerce services)

3. Local Services Group (delivery services)

4. Cainiao Smart Logistics Group (logistics)

5. Global Digital Commerce Group (AliExpress)

6. Digital Media and Entertainment Group (gaming, motion pictures and web services)

တို့ဖြစ်ပါတယ်။

တရုတ်အာဏာပိုင်တွေရဲ့ Private Firm တွေအပေါ်တင်းကျပ်လာမှုတွေရဲ့နောက်ဆက်တွဲအပြင် လုပ်ငန်းတွေကို ပိုမိုလျင်မြန်တဲ့နည်းနဲ့ အကောင်အထည်ဖော်နိုင်ဖို့အတွက် ခုလို ခွဲလိုက်ရတာဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုချင်းစီအတွက် CEO တစ်ယောက်စီရှိနေမှာဖြစ်သလို၊ ဘုတ်ဒါရိုက်အဖွဲ့တစ်ခုစီလည်း ရှိဦးမှာပါ။

ချွင်းချက်တစ်ခုအနေနဲ့ကတော့ Taobao Tmall လုပ်ငန်းစုကတော့ Alibaba အောက်ကနေပဲဆက်သွားနေဦးမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင််းကပဲ နိုင်ငံခြားမှာ နှစ်ချီပြီးရောက်နေတဲ့ Jack Ma ဟာလည်း တရုတ််နိုင်ငံကိုပြန်ဝင်လာခဲ့ပြီး ဒီကိစ္စတွေအတွက် ပြန်လာတာဖြစ်နိုင်တယ်လို့ သတင်းတွေမှာတွေ့ရပါတယ်။

Ref : Reuters

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Nokia ရဲ့ Pure UI

Next
Next

သုံးခေါက်ချိုး Samsung ဖုန်း