ChatGPT အသုံးပြုမှုကို ပိတ်ပင်လိုက်တဲ့ Italy

AI တွေအရမ်းခေတ်စားလာပြီးတဲ့နောက် အနောက်နိုင်ငံတွေမှာ AI တွေအနေနဲ့ User တွေရဲ့ Data တွေကို ဘယ်လိုမျိုးကိုင်တွယ်သလဲဆိုတဲ့ မေးခွန်းတွေလည်း ဆူညံလာသလို Privacy ချိုးဖောက်မှုတွေလည်း ရှိတယ်ဆိုတဲ့ အသံတွေဆူညံလာပါတယ်။ ဒီဆူညံမှုကို အီတလီက ChatGPT ကို နိုင်ငံတွင်းအသုံးမပြုနိုင်အောင် တားဆီးပြီး ပိတ်ပင်လိုက်ပါတယ်။

Italy Data protection က ChatGPT ကိုချက်ချင်းပိတ်ချခဲ့ပြီး OpenAI ကို Data နဲ့ပတ်သတ်လို့ စုံစမ်းမှုတွေပြုလုပ်သွားမယ်လို့ ကြေငြာခဲ့ပါတယ်။ Microsoft ကိုယ်တိုင် ဒေါ်လာဘီလျံနဲ့ချီပြီး ရင်းနှီးထားတဲ့ ဒီ Project ကိုတစ်ကမ္ဘာလုံး အသည်းအသန်အသုံးပြုနေကြချိန်မှာ အီတလီက လူတွေအတွက်တော့ စိတ််အနှောင့်အယှက်ဖြစ်သွားမှာပါပဲ။

ဒါအပြင် OpenAI ရဲ့ Data Law တွေဟာ EU ရဲ့ Law တွေနဲ့မညီဘူးလို့လည်း စာထုတ်ပြန်ထားပါတယ််။ ပြီးခဲ့တဲ့လကဖြစ်သွားခဲ့တဲ့ အသုံးပြုသူတွေရဲ့ Credit Card Information တွေနဲ့ Chat History တွေပေါက်ကြားသွားမှုကိုလည်း Hightlight လုပ်ပြီး ဖော်ပြထားပါသေးတယ်။ လောလောဆယ်တော့ ChatGPT ကိုပထမဆုံး ban တဲ့နိုင်ငံဟာ Italy ဖြစ်ပါတယ်။

Ref : AndoridAuthority

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

စကော့တလန် ကထောင်တွေမှာ Drone သုံးပြီး မှောင်ခိုပြုလုပ်နေ

Next
Next

Nokia ရဲ့ Pure UI