မိတ်မဆက်သေးခင် leak လာတဲ့ Motorola ရဲ့ Edge S30 Transformer Edition

Asia မှာ ရှိတယ်ဆိုရင် America မှာ Transformer ရှိပါတယ်။ ပြီးခဲ့တဲ့အပတ်က Motorola က မိတ်ဆက်ခဲ့တဲ့ Moto G200 ကိုမကြာခင် China မှာ Edge S30 ဆိုတဲ့နာမည်နဲ့ထပ်မံမိတ်ဆက်သွားဖို့ရှိနေပါတယ်။ အဲ့မတိုင်ခင်မှာပဲ Motorola ဟာ Edge S30 Transformer edition ရဲ့ render ပုံတွေကိုမတော်တဆ တမင်တကာ ဖော်ပြမိသွားပါတယ်။

Motorola ဟာ Hasbro ရဲ့ Transformer နဲ့ပူးပေါင်းပြီး smartphone တွေကို discount ချပေးဖို့အတွက် တင်ပေးထားတဲ့ promotion poster တခုမှာ render ပုံတွေကိုတင်မိတာဖြစ်ပြီးခုချိန်မှာတော့ပြန်ဖြုတ်ချသွားပါပြီ။ 

Render ပုံတွေအရတော့ကျောဖက်ဟာ navy blue color နဲ့ဖြစ်ပြီးတေ့ာ Motorola logo နေရာမှာ Transformer ထဲက Autobot တွေရဲ့ logo ကိုအနီရောင်နဲ့ပုံဖော်ထားပြီး ကျန်တဲ့ကျောဖက်အပြည့်မှာတော့ ခပ်မှိန်မှိန် Autobot logo တွေအပြည့်စီထားပါတယ်။Motorola Moto G200 မှာ 144Hz refresh rate ရှိတဲ့ 6.8-inch IPS LCD display ကိုသုံးပေးထားပြီး Snapdragon 888+, 8GB LPDDR5 ram, တို့နဲ့မောင်းနှင်မှာပါ။ camera ပိုင်းမှာတော့ 108MP main camera, 8MP wide, 2MP depth တို့ပါတဲ့ triple camera setup ကိုသုံးပေးထားပါတယ်။

Previous
Previous

Wi-Fi ချိတ်မိနေပြီးလိုင်းမတက်တာဘာကြောင့်လဲ? ဘယ်လိုပြင်မလဲ ?

Next
Next

ပထမဆုံး 4nm Process နဲ့ Dimensity 9000 ကိုချပြလိုက်တဲ့ MediaTek