ပထမဆုံး 4nm Process နဲ့ Dimensity 9000 ကိုချပြလိုက်တဲ့ MediaTek

MediaTek ဟာ TSMC ရဲ့ 4nm process ကိုအသုံးပြုထားတဲ့ chipset အသစ်ဖြစ်တဲ့ Dimensity 9000 ကိုမိတ်ဆက်ခဲ့ပြီး ARM ရဲ့ v9 architectureနဲ့ core design အသစ်တွေပါ၀င်ပါတယ်။ spec တွေကတော့ 3.02GHz ရှိတဲ့ single Cortex-X2 performance core နဲ့ 2.85GHz ရှိတဲ့ Cortex-A710 core ၃ခု၊ 1.8GHz ရှိတဲ့ Cortex-A510 efficiency cores ၄ခုတို့ပါ၀င်ပါတယ်။  Graphic အတွက် 10-core Arm Mali-G710 ပါ၀င်ပါတယ်။ AI processing အတွက်လဲ core ၆ခုနဲ MediaTek ရဲ့ fifth Generation APU ပါ၀င်လာမှာဖြစ်ပြီး အရင် generation ထက် power consumption နဲ့ performance ၄ဆပိုကောင်းလာမယ်လို့ဆိုပါတယ်။ Bandwidth 7,500Mbps ထိရမယ့် LPDDR5x ram ကိုလဲ support ဦးမှာဖြစ်ပြီး Display ပိုင်းမှာဆိုလဲ FHD+ resolution ကို 180Hz ရတဲ့ panel တွေကိုတပ်ဆင်ပေးနိုင်မှာပါ။ camera ပိုင်းမှာဆိုလဲ 4K HDR ကို camera ၃လုံးမှာတပြိုင်ထဲရိုက်ကူးနိုင်အောင် စွမ်းဆောင်ပေးနိုင်ပြီး photo အတွက်ကြီးမားတဲ့ 320MP sensor တွေကိုပါထောက်ပံ့ပေးနိုင်မှာပါ။

Connectivity အတွက် wifi-6E နဲ့ bluetooth 5.3 တို့ပါ၀င်လာပြီး mmWave 5G တော့ ပါလာခြင်းမရှိပါဘူး။ 

အစောပိုင်း Antutu benchmark test တွေမှာ point ၁သန်းကျော်ထိရရှိထားပြီး Apple ရဲ့ A15 bionic နဲ့ multi-core benchmark test မှာအမှတ်အတူတူလောက်ရရှိထားတယ်လို့သိရပါတယ်။ 

MediaTek ဟာလက်ရှိမှာ ကမ္ဘာ့ chipset ရဲ့ စျေးကွက် ၀ေစုကို ၄၀% ထိပိုင်ဆိုင်ထားပြီးအလျင်အမြန်တိုးတက်လျက်ရှိပါတယ်။ 

Dimensity 9000 နဲ့ smartphone တွေကို 2022 ရဲ့ first quarter လောက်မှာစမြင်ရဖို့ရှိပါတယ်။  

Previous
Previous

မိတ်မဆက်သေးခင် leak လာတဲ့ Motorola ရဲ့ Edge S30 Transformer Edition

Next
Next

စိတ်ဝင်စားစရာ Concept ဖုန်းများ