Wi-Fi ချိတ်မိနေပြီးလိုင်းမတက်တာဘာကြောင့်လဲ? ဘယ်လိုပြင်မလဲ ?

Window computer နဲ့ Laptop တွေမှာဆိုရင် Wi-Fi ချိတ်မိနေပြီး တစ်ကယ်သုံးကြည့်တဲ့အခါမှာလိုင်းမတက်တာနဲ့ webpage တွေ Loading ပဲပြနေတာမျိုးတွေဖြစ်တက်ပါတယ်။ Wi-Fi icon မှာ ချိတ်မိနေတဲ့ပုံစံမျိုးဖြစ်နေပေမဲ့ browser ထဲဝင်ကြည့်တဲ့အခါမှာ 505 gateway error တွေပြနေတာမျိုးတွေလည်းဖြစ်တက်ပါတယ်။အဲ့အခါဒီလိုမျိုးပြဿနာတွေကြုံလာရင်ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။

1.      Wi-Fi ကိုဖြုတ်ပြီးပြန်တက်ကြည့်ပါ။

တစ်ခါတစ်လေကျရင် Window ရဲ့ driver က Update မဖြစ်ရင် ကြောင်တောင်တောင် Result တွေ user ကိုပြန်ပြတက်သလို မချိတ်မိပဲနဲ့ချိတ်မိတယ်လို့လည်းပြန်ပြတက်ပါတယ်။ အဲ့တာကြောင့် driver ကိုလည်း update လုပ်ဖို့လိုသလို Wi-Fi ကိုလည်း disconnect လုပ်ပြီး reconnect ပြန်လုပ်ကြည့်လိုက်ပါ။

2.      ကိုယ့်ရဲ့ Router ကို power အဖွင့်ပိတ်ပြန်လုပ်ကြည့်ပါ။

မြန်မာ့နည်းမြန်မာ့ဟန်အတိုင်းပဲအလုပ်မလုပ်တော့ဘူးဆိုရင်ပိတ်ပြီးပြန်ဖွင့်လုပ်တာက တစ်ခါတစ်လေပြန်အဆင်ပြေသွားတက်ပါတယ။

3.      ကွန်ပြူတာထဲက Network adaptor ကို disable လုပ်ပြီး enable ပြန်လုပ်ကြည့်ပါ။

Window ရဲ့ control panel ကိုဝင်လိုက်ပါ။

Control panel > Network and internet > Network and sharing center > change adaptor setting ထဲမှာ ကိုယ့်ရဲ့ Wi-Fi adaptor ကို right click ထောက်ပြီး disable လုပ်လိုက်ပါ။ ပြီးရင် right click ပြန်‌ထောက်ပြီး Enable ပြန်လုပ်လိုက်ပါ။ အဲ့တာဆိုအဆင်ပြေသွားပါလိမ့်မယ်။

4.      TCP/IP service ကို restart ပြန်လုပ်ကြည့်ပါ။

Window မှာ service တွေကိုထိန်းချုပ်တဲ့ panel တစ်ခုရှိပါတယ်။ အလွယ်လုပ်နိုင်တဲ့ နည်းလမ်းကတော့ CMD (commend prompt) ဖွင့်လိုက်ပါ။ ပြီးရင် netsh ကို ရိုက်ထဲ့လိုက်ပါ။ netsh ထဲဝင် သွားပြီဆိုရင် “ int ip reset “ ဆိုတဲ့ command ကိုရိုက်ထဲ့လိုက်ပါ။ ဒါဆိုရင်တော့ TCP/IP service ကို reset ချပြီးဖြစ်သွားပါလိမ့်မယ်။

5.      ကွန်ပြူတာ Restart ချလိုက်ပါ။

နောက်ဆုံးနည်းပညာနဲ့ပတ်သက်သမျှပြဿနာတွေအားလုံးကိုဖြေရှင်းနိုင်စွမ်းအရှိဆုံးကတော့ Restart ချတာပါပဲ။ အခုပြဿနာနဲ့တွေ့လို့အပေါ်ကနည်းလမ်းတွေနဲ့ ရှင်းလို့မရဘူးဆိုရင် Restart သာချကြည့်လိုက်ပါ။ အခုဒီပြဿနာမှမဟုတ်ပါဘူး။ Restart ချတာက ပြဿနာတော်တော်များများကိုလည်းဖြေရှင်းနိုင်တဲ့အတွက် ဘာဖြစ်ဖြစ်မရှင်းနိုင်တော့ရင် Restart သာချကြည့်လိုက်ပါ။

Author: Hein Htet

Ref: lifewire

Previous
Previous

Google Pixel 6a ရဲ့ specs တချို့ထွက်ပေါ်လာ

Next
Next

မိတ်မဆက်သေးခင် leak လာတဲ့ Motorola ရဲ့ Edge S30 Transformer Edition