စိတ်ဝင်စားစရာ Concept ဖုန်းများ

Smartphone company တွေဟာလူတွေစိတ်၀င်စားအောင်သူ့ထက်ငါအပြိုင် innovative ဖြစ်အောင်ကြိုးစားကြရင်းနဲ့ သူတို့စိတ်ကူးယဥ်ထားကြတဲ့ concept smartphones တွေကို CES တို့လိုပွဲတွေမှာချပြကြလေ့ရှိပါတယ်။ စျေးကွက်ထဲကိုတော့ တကယ်ရောက်မလာကြပဲ tech အသစ်တွေကိုစမ်းသပ်တဲ့အနေနဲ့ပဲ one time off အဖြစ်သာပွဲထုတ်ခဲ့ပြီး အချီန်ကြာတော့လူတွေမေ့သွားခဲ့ကြပါတယ်။ အဲ့ထဲကမှလူတော်တော်စိတ်၀င်စားလိုက်ကြပေမယ့် ပျောက်ချင်းမလှပျောက်သွားပြီးဘာမှဆက်မဖြစ်လာတဲ့ concept smartphones တချို့ကိုဖော်ပြပေးလိုက်ပါတယ်။

OnePlus Concept One

လိမ္မော်ရောင် leather ကျောဖက်လှလှလေးနဲ့ CES 2020 မှာလူအများရဲ့စိတ်၀င်စားမှုကိုခံခဲ့ရတဲ့ OnePlus phone လေးကိုမှတ်မိကြဦးမှာပါ။ ဒီ phone လေးရဲ့ထူးခြားချက်ကတော့ rear camera ကို dimming glass ထဲမှာမြုပ်ထားပြီး လိုအပ်တဲ့အချိန်မှပြန်ဖော်ပေးတာပဲဖြစ်ပါတယ်။ OnePlus ဟာ ဒီ idea ကို sport car တွေရဲ့ ပြတင်းပေါက်ကနေ inspire ယူထားတာဖြစ်ပြီးအလုပ်လုပ်ပုံကလဲတော်တော်လေးရိုးရှင်းပါတယ်။ camera app ကိုဖွင့်လိုက်တဲ့အချိန်မှာ glass အပေါ်မှာ current တစ်ခုဖြတ်ပြေးသွားပြီး အလင်းပိတ် glass ကိုအလင်းဖောက်လို့ရအောင်လုပ်ပေးလိုက်တာပဲဖြစ်ပါတယ်။ ဒီ phone ကိုလူတွေစိတ်၀င်စားရတဲ့နောက်တစ်ချက်ကလဲ ပြိုင်ကားဆန်ဆန် ဆွဲဆောင်မှုရှိတဲ့ design ကြောင့်ဖြစ်ပါတယ်။ အခုချိန်ထိတော့ ဒီ နည်းပညာကိုသူတို့ရဲ့ phone တွေမှာထည့်သွင်းဖို့အရိပ်အယောင်တောင်မမြင်ရသေးပါဘူး။


Rollable smartphones from LG and Oppo

Foldable တွေခေတ်စားလာတာနဲ့အမျှ smartphone တွေမှာ screen size ကြီးကြီးထည့်နိုင်ဖို့အပြိုင်ကြိုးစားလာကြပါတယ်။ နောက်ထပ် approach ကတော့ rollable တွေပဲဖြစ်ပါတယ်။ phone ထဲမှာ screen ကိုဆွဲဆန့်ထုတ်ပေးတဲ့ motor တစ်ခုကိုထည့်သွင်းပေးပြီးအလုပ်လုပ်တာပဲဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းမှာ LG ရော Oppo ရောဟာ သူတို့ရဲ့ rollable တွေကိုအသီးသီးမိတ်ဆက်ခဲ့ကြပေမယ့် စျေးကွက်ထဲတော့ ဘယ်တော့မှရောက်လာမယ်ဆိုတာမသိရသေးပါဘူး။ phone ရဲ့ design ကြောင့် အကြမ်းမခံတာနဲ့ selfie camera တပ်ဖို့အခက်အခဲတွေဟာ rollable smartphone လုပ်ချင်တဲ့ company တွေဖြေရှင်းရမယ့်အခက်အခဲတွေပဲဖြစ်ပါတယ်။ Oppo ရဲ့ rollable ကိုတော့ သေချာပေါက်မြင်တွေ့ရနိုင်ပေမယ့် LG ကတော mobile division ကိုရပ်ဆိုင်းလိုက်ပြီဖြစ်တဲ့အတွက်တွေ့ရဖို့မသေချာတော့ပါဘူး။ 

Oppo tri fold slide phone

Oppo က rollable ကိုမိတ်ဆက်အပြီးမှာပဲသူတို့ရဲ့ ကိုယ်ပိုင် clamshell phone ဖြစ်တဲ့ Oppo x nendo ကိုမိတ်ဆက်ခဲ့ပါသေးတယ်။ 40mm  မျက်နှာပြင်၃ခုကိုအဆင့်ဆင့်ခေါက်ချိုးနိုင်မှာဖြစ်ပြီး screen တစ်ခုစီအတွက် size အလိုက်သုံးနိုင်မယ့် clock mode, full screen mode, selfie camera mode စတာတွေအသုံးပြုနိုင်မှာပါ။ မှတ်စုလေးတွေမှတ်နိုင်အောင်လဲအောက်ဖက်နားမှာ pen ထည့်ဖို့နေရာတစ်နေရာလဲပါ၀င်ပါသေးတယ်။ ဒါ့အပြင် ဒီ phone အတွက်သီးသန့်လုပ်ပေးထားတဲ့ TWS earphone လိုမျိုး accessory တွေကိုလဲပြသသွားပါတယ်။

Xiaomi Concept Phone (Yifan Hu design)

Xiaomi  ဟာလဲ concept phone တွေနဲ့မစိမ်းဘူးဆိုတာကို Mi Mix Alpha နဲ့ပြသခဲ့ပြီးဖြစ်ပါတယ်။ဒီနှစ်အစောပိုင်းမှာလဲ waterfall display နဲ့ concept phone တစ်လုံးကို tease လုပ်ခဲ့ပေမယ့် ခုထိဘာမှဆက်မကြားရသေးပါဘူး။

ဒီတစ်ခုကတော့ Xiaomi ကဖန်တီးထားတာမဟုတ်ပဲ တရုတ် industrial designer တစ်ယောက်ဖြစ်တဲ့ Yifan Hu ကစိတ်ကူးပုံဖော်ထားတာပါ။ Xiaomi ဟာ ဒီနှစ်ရဲ့ March လမှာသူတို့ရဲ့ logo ကို လုံး၀န်းတဲ့ shape နဲ့ design ပြန်ပြောင်းခဲ့ပါတယ်။ ဒီ logo နဲ့ Xiaomi ရဲ့ Alive philosophy တို့အပေါ်အခြေခံပြီး Xiaomi ရဲ့ အနာဂတ်မှာဖြစ်လာနိုင်တဲ့ smartphone ကိုပုံဖော်ထားတာပဲဖြစ်ပါတယ်။  Concept phone တွေဟာ smartphone company တွေရဲ့ စိတ်ကွန့်မြူးခြင်းနဲ့ နည်းပညာအသစ်အဆန်းတွေကို စမ်းသပ်ခြင်းကနေရရှိလာတဲ့ ရလာဒ်တွေပဲဖြစ်ပါတယ်။ Concept phone အများစုကတော့ စျေးကွက်ထဲကိုရောက်လာလေ့မရှိပေမယ့် smartphone company တွေကတော့ဆက်လက်ဖန်တီးနေကြဆဲပဲဖြစ်ပါတယ်။

Previous
Previous

ပထမဆုံး 4nm Process နဲ့ Dimensity 9000 ကိုချပြလိုက်တဲ့ MediaTek

Next
Next

Samsung ၏ နောက်ဆုံးပေါ် Galaxy Z Flip3 နှင့် Galaxy Z Fold3 ခေါက်ချိုးစမတ်ဖုန်းများအား မြန်မာနိုင်ငံစျေးကွက်တွင် စတင်ရောင်းချ