ရုရှားမှာ Apple Products ရောင်းချမှုရပ်တန့်

ယူကရိန်းနဲ့စစ်ဖြစ်နေတဲ့ ရုရှားကိို တစ်ကမ္ဘာလုံးက စီးပွားရေးပိတ်ဆို့မှုတွေ လုပ်နေသလို Apple အနေနဲ့လည်း အရေးယူမှုတွေ လုပ်ထားပါတယ်။ လက်ရှိအနေနဲ့ ရုရှားနိုင်ငံအတွင်းမှာ Apple Products တွေတရားဝင််ရောင်းချခွင့် ရပ်တန့်ထားသလို Apple Pay, Maps တွေလည်း ဝန်ဆောင်မှုရပ်တန့်ထားပါတယ်။

ကျူးကျော်စစ်ပွဲကြောင့် ရုရှားအပေါ် စီးပွားရေးပိတ်ဆို့မှု လုပ်တဲ့နေရာမှာ NATO အဖွဲ့ဝင်နိုင်ငံတွေအပြင် Meta နဲ့ Google လို Tech Giant ကြီးတွေကလည်း အရေးထားပြီး အရေးယူမှုတွေ ပြုလုပ်နေပါတယ်။ သိသာတဲ့အရေးယူမှုတွေကတော့ Facebook ပေါ်မှာ ရုရှားမီဒီယာတွေကို ဖြုတ်ချတာ၊ ရုရှားမှာ Google သုံးမရတာမျိုးတွေ ပြုလုပ်ထားတာ တွေ့ရပါတယ်။ ခုဟာကတော့ Apple ကစတင်ပြီး ရုရှားအပေါ် အရေးယူတာပဲဖြစ်ပါတယ်။

Apple ကကြေငြာထားတဲ့ ကြေငြာချက်တစ်ခုမှာ ကျူးကျော်မှုကို လက်မခံကြောင်း၊ ဒီဘက်ခေတ်မှာ ခုလို လက်နက်အားကိုး အနိုင်ကျင့်တာလက်မခံကြောင်းနဲ့ ယူကရိန်းနိုင်ငံသား စစ်ဘေးရှောင်တွေကို ကူညီသွားမယ်လို့လည်း ပြောထားပါတယ်။ ဒါ့အပြင် Apple အနေနဲ့ ရုရှားနိုင်ငံအတွင်း Apple ပစ္စည်းတွေရောင်းချမှု ရပ်တန့်ထားမှာဖြစ်ပြီး၊ Apple Pay နဲ့ပတ်သတ်တဲ့ ဝန်ဆောင်မှုတွေကိုလည်း ရပ်တန့်ထားမယ်လို့ ဆိုပါတယ်။ ခုလိုရပ်တန့်ပြီးမကြာခင်မှာပဲ ရုရှားနိုင်ငံပိုင် FinTech ကုမ္ပဏီတစ်ချို့ကတော့ ဝန်ဆောင်မှုအသစ်တွေ ချက်ချင်းထွက်လာတာမျိုးတော့ ရှိနေပါတယ်။ နိုင်ငံတစ်ကာ ပိတ်ဆို့အရေးယူမှုကို လက်မခံတဲ့ပုံစံပါပဲ။

ဒါ့အပြင် Apple အနေနဲ့ ယူကရိန်းနိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက် ယူကရိန်းနိုင်ငံအတွင်း Maps ကနေတစ်ဆင့် Traffic ကြည့်တဲ့လုပ်ဆောင်ချက်ကို ခေတ္တပိတ်ထားပြီး Russia နိုင်ငံအတွင်းမှာ Apple Maps အသုံးပြုခွင့်ကိုလည်း ပိတ်သွားမယ်လို့ ပြောထားပါတယ်။ Apple အနေနဲ့ လိုအပ်တဲ့အရေးယူမှု မှန်သမျှကိုလည်း သက်ဆိုင်ရာ အစိုးရတွေနဲ့ ချိတ်ဆက်ပြီး ဆက်လက်လုပ်ဆောင်ဦးမယ်လို့ ကြေငြာထားပါတယ်။

Ref : Android Police

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Never Settle မယ့် OnePlus ပြန်လာတော့မလား

Next
Next

မြန်မာ့ပထမဦးဆုံး 50MP AF Portrait Selfie Camera နဲ့ ဖုန်းကိုယ်ထည်အရောင်ပြောင်းနိုင်ရုံသာမက ပုံဖော်နိုင်စွမ်းလည်းရှိတဲ့ vivo V23Series စတင်မိတ်ဆက်