Never Settle ?

ကျွန်တော်ကိုယ်တိုင်ရဲ့ တစ်ဦးတည်း အမြင်မှာ OnePlus ကို 8 Series ကနေစပြီး Design ပိုင်း၊ Oxygen Os 11 ကစတင်ပြီး Software ပိုင်း Optimaztion လိုသလို သုံးရတာ Bug များလာတယ်လို့ ခံစားလာရပါတယ်။ အစပိုင်းမှာ Samsung ရဲ့ OneUI ကို ကူးလိုက်သလိုလိုနဲ့ နောက်ပိုင်းမှာတော့ Oppo, Vivo တို့နဲ့တူသွားပါပြီ။ Pure Android နီးပါး ပေါ့ပါးတဲ့ Oxygen ကိုအဆက်ဆက်သုံးလာတဲ့ Androidဖန်တစ်ယောက်အတွက် အတော်လေး လိုက်ပြီးပြောင်းလဲလိုက်ရတဲ့ အခိုက်အတန့်ပါပဲ။

ခုလည်း OnePlus 7 တုန်းက အမှန်အကန် ကြမ်းပါတယ်ဆိုတဲ့ Feature တွေထည့်ပေးလေ့ရှိတဲ့ Pro Model ကို OnePlus 11 Series မှာဖြုတ်တော့မယ်လို့ သတင်းထွက်နေပါတယ်။ ဒါ့ကြောင့် အသစ်ထွက်လာမယ့် Flagship ဖုန်းဟာ OnePlus 11 ဖြစ်လာနိုင်ပါတယ်။ ဒါဟာ ၂၀၁၈ တုန်းကနောက်ဆုံးထွက်တဲ့ OnePlus 6 Series အရှေ့က OnePlus 5, OnePlus 3 တို့လို ရိုးရိုး OnePlus 11 နဲ့ အနည်းငယ်ပိုကောင်းတဲ့ Specs နဲ့ OnePlus 11T ဆိုပြီး ၂ မျိုးသာ ထွက်လာမယ့် သဘောပါ။

ဒီအကြံဟာ OnePlus ရဲ့ လူစိတ်ဝင်စားမှုပိုများအောင် အနည်းဆုံး Lineup တစ်ခုမှာ Pro Model တစ်ခုပါအောင် ထည့်ကိုထည့်ရမယ်ဆိုတဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ကျင့်သုံးတဲ့ လမ်းစဥ်တစ်ခုကို ရပ်နားလိုက်တာပါ။ OnePlus အနေနဲ့ ဆက်တိုက်ဆိုးရွားလာတဲ့ Software Update အချိန်မှီမပေးနိုင်တာ၊ Bugs တွေရှိတာ၊ အရင်တုန်းကလောက် Optimize မဖြစ်တော့တဲ့ အကြောင်းအရင်းတွေကို ပြန်ပြင်ဆင်ဖို့ အရှိန်ယူတာ ဖြစ်ပါစေလို့ပဲ မျှော်လင့်ပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Apple October 2022 Launch Recap

Next
Next

Adult Content တွေ သီးသန့် Live လွှင့်နိုင်ဖို့ ပြင်ဆင်နေတဲ့ TikTok