Apple October 2022 Launch Recap

Event အကြောင်းအများကြီး Trendမဖြစ်သွားပေမယ့် မနေ့က iPad, iPad Pro, Apple TV ဆိုပြီး Product Line 3 ခုကို အဓိကမိတ်ဆက်သွားခဲ့ပါတယ်။ Software Announcement ကတော့ iPadOS 16 နဲ့ MacOs Ventura ဆိုပြီး ၂ ခုကြေငြာပါတယ်။ iOS 16.1, watchOS 9.1, နဲ့ tvOS 16.1 တို့လည်း နောက်တစ်ပတ်ထွက်လာမယ်လို့ သိရပါတယ်။

iPad

- 10th Gen iPad အသစ်ထွက်ပါတယ်

- Home Button လုံးဝမပါတော့ပါဘူး။ Side Mounted Finger-print sensor ပါ

- First Gen Apple Pencil နဲ့ပဲသုံးလို့ရပါမယ်

- iPad 10th Gen အတွက် Folio Magic-Keyboard အသစ်မိတ်ဆက်ပါတယ်

- Selfie-Camera က ဘေးဘက်ဘောင်ကိုရွှေ့သွားပါပြီ

- Logitech Crayon ကို iPad နဲ့တွဲသုံးဖို့ မိတ်ဆက်သွားပါတယ်

- USB-C 20W ဖြစ်သွားပါပြီ

iPad Pro

- M2 iPad Pro ထွက်လာပါမယ်

- Wifi 6E Support ပါဝင်ပါမယ်

- esim support ပါမယ်၊ sim tray လည်းပါနေဦးမှာပါ

- နောက်ကျောဖက်မှာ iPad Pro လို့ print ပါဝင်ပါမယ်

- Apple Pencil Hover Mode ပါဝင်ပါမယ်

Apple TV

- A15 Chip ပါဝင်လာပြီး 4K Support ပါမယ်

- Apple TV Remote မှာ USB-C ပါဝင်ပါမယ်

- $149 Apple TV မှာ Ethernet ပါဝင်ပါမယ်။ 64GB မှာတော့ မပါပါဘူး

- Siri Remote မှာအားသွင်းကြိုးမပါတော့ပါဘူး

Software Updates

- Stage Manager, Weather App အသစ်ပြောင်းလာပါမယ့် iPad Os 16 ကို October 24 မှာမိတ်ဆက်ပါမယ်

- MacOs Ventura October 24 မှာထွက်လာပါမယ်

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ရည်းစားနဲ့ပြတ်သွားလည်း ပူစရာမလိုတော့တဲ့ NetFlix Profile Transfer

Next
Next

Never Settle ?