ရှရှားမှ ထွက်ခွာသွားတဲ့ Netflix နဲ့ TikTok ကလည်း ပိုစ့် အသစ်တင်တာနဲ့ Live လွှင့်ခြင်းများကိုပိတ်ပင်

ရှရှား နဲ့ Ukraine တို့ စစ်ရေးပြဿနာများနှင့်ရင်ဆိုင်နေရချိန်မှာ Social media ကုမ္ပဏီ ကြီးတွေနဲ့ နည်းပညာကုမ္ပဏီအကြီးကြီးတွေကလည်းပါဝင်ပတ်သက်လာပါတယ်။ အခုဆိုရင် Netflix ကလည်း ရှရှားမှာ သူတို့ရဲ့ Service ကိုပိတ်လိုက်ပြီး သူတို့ရဲ့ ရှိလက်စ Subscriber တွေကိုတော့ဘယ်လိုဆက်လုပ်မလဲမသိသေးပါဘူး။ Netflix ရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ “မြေပြင်မှာဖြစ်နေတဲ့အနေအထားတွေအရ ရှရှားမှာကျွန်တော်တို့ရဲ့ဝန်ဆောင်မှုတွေကိုရပ်တန့်လိုက်တာဖြစ်ပါတယ်။”

ဖျော်ဖြေရေးနဲ့ Media ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Netflix က ရှရှားမှာ ဝန်ဆောင်မှုရပ်တန့်လိုက်ပြီးနောက် Disney ကလည်း ရှရှားမှာဇာတ်ကားတွေရုံတင်တာတွေလည်းရပ်တန့်လိုက်ပါတယ်။ Disney ရဲ့ ပြိုင်ဘက်ကုမ္ပဏီ ကြီးတစ်ခုဖြစ်တဲ့ Warner Bros ကလည်း The Batman ရုပ်ရှင်ကို ရှရှားမှာရုံတင်မှာမဟုတ်ဘူးလို့သိရပါတယ်။

လူငယ်ထုကြီးရဲ့ Social Media တစ်ခုဖြစ်တဲ့ TikTok ကလည်း Russia မှ Live နဲ့ ဗီဒီယို အသစ်တွေတင်တာကို ရပ်တန့်ထားပါတယ်။သတင်းအမှားတွေမပြန်နှံ့‌အောင်ထိန်းချုပ်တာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရှရှားက Tiktok အသုံးပြုသူတွေကတော့ App ထဲမှာပါတဲ့ Message service ကိုအသုံးပြုလို့ရနေဦးမှာပါ။ ရှရှား ပါလီမန်က အတည်ပြုလိုက်တဲ့ ဥပ‌ဒေအရ ရှရှားကို စီးပွားရေးပိတ်ဆို့ဖို့အလေးပေးတဲ့သတင်းတွေနဲ့ ရှရှားစစ်တပ်ကိုသိက္ခာကျစေတဲ့ သတင်းတွေတင်တာနဲ့ထောင်ဒဏ် ၁၅ နှစ်နဲ့ ဒေါ်လာ 14085 ဒဏ်ရိုက်ခံရမှာဖြစ်ပါတယ်။

နိုင်ငံပိုင် Media ‌account များမှ တင်ထားတဲ့ Video တွေကိုအသုံးပြုသူများသိရှိစေနိုင်ရန် အမြန်ခြေရာခံမူဝါဒကို TikTok မှ ကူညီပေးခဲ့ကြောင်း ပြီးခဲ့သည့်အပတ်က ပြောကြားခဲ့ပါတယ်။

Previous
Previous

Instagram Boomerang နဲ့ Hyperlapse app တွေကို App Store နဲ့ Google Play ကနေဖြုတ်ချ

Next
Next

လျှပ်စစ်ကားတွေထုတ်လုပ်ဖို့ Sony နဲ့ Honda ပူပေါင်းမည်