လျှပ်စစ်ကားတွေထုတ်လုပ်ဖို့ Sony နဲ့ Honda ပူပေါင်းမည်

ဂျပန်နိုင်ငံရဲ့ Innvation Giant ကြီးတွေဖြစ်တဲ့ Sony နဲ့ Honda တို့ဟာ လျှပ်စစ်ကားတွေ ထုတ်လုပ်ဖို့အတွက် ပူပေါင်းသွားမယ်လို့ဆိုပါတယ်။ ကုမ္ပဏီ ၂ ခုအနေနဲ့ ရှေ့ဆက်လုပ်သွားမယ့် အဆင့်တွေနဲ့ ပန်းတိုင်တွေကို ချမှတ်ပြီး လုပ်စရာရှိတာဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ Sony-Honda EV ထုတ်လုပ်နိုင်ဖို့ဆိုတာ ရည်မှန်းချက်ဖြစ်ပြီး နောက်မကြာခင်မှာ စာချုပ်စာတမ်းနဲ့အတူ ခိုင်မာတဲ့ ပေါင်းစည်းမှုတွေလုပ်ကိုင်သွားမယ်လို့ဆိုပါတယ်။ ဒီကုမ္ပဏီ ၂ ခုပူးပေါင်းပြီး ကုမ္ပဏီအသစ်ထွက်လာဖို့ရှိသလို ကုမ္ပဏီရဲ့ ပထမဆုံး EV ကို ၂၀၂၅ မှာစတင်ထုတ်လုပ်သွားဖို့ရည်မှန်းထားတယ်လို့ဆိုပါတယ်။

ခုနောက်ပိုင်း EV တွေခေတ်စားလာတာနဲ့အမျှ ကုမ္ပဏီကြီးတွေအနေနဲ့ EV ထုတ်လုပ်မှုကို အတော်လေးမျက်စိကျလာပြီး EV တွေအပြိုင်အဆိုင်ထုတ်လုပ်ဖို့ ကြိုးစားလာကြပါတယ်။ Apple ရဲ့ EV ထွက်လာဖို့လည်း Rumor တွေရှိနေပြီးဖြစ်သလို တစ်ခြား Tech Companies တွေလည်း အတော်လေး EV ပိုင်းကိုစိတ်ဝင်စားနေကြပါတယ်။ Honda အနေနဲ့ Car Manufactoring ပိုင်းကို ဆောင်ရွက်ပြီး Sony ကတော့ သူ့မှာ ထည့်မယ့် Platform ကိုဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ ဒါ့အပြင် အသစ်ဖွဲ့စည်းမယ့် ကုမ္ပဏီကတော့ Design, Development, Sale ပိုင်းကို တာဝန်ယူသွားမယ်လို့ သိရပါတယ်။ Sony နဲ့ Honda မှာရှိသမျှ ကျွမ်းကျင်သူတွေအနေနဲ့ ရှိသမျှအစွမ်းကုန်ကို ဒီ EV Project ထဲမှာ ထည့်သွားမယ်လို့ဆိုပါတယ်။

Sony မှာ ဓာတ်ပုံပိုင်း၊ ဆက်သွယ်ရေး၊ ဖျော်ဖြေရေးမှာ ကျွမ်းကျင်သူတွေရှိတာမို့ EV ထုတ်လုပ်ရာမှာ လိုအပ်တဲ့ Autonomous Capabilities တွေကိုဖြည့်စည်းပေးနိုင်မှာဖြစ်ပါတယ်။ Sony CEO Kenshiro Yoshida ပြောကြားချက်အရ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖျော်ဖြေရေးတွေအတွက် တီထွင်ဆန်းသစ်မှုနဲ့ နည်းပညာကိုပေါင်းစပ်သွားမယ်လို့ ပြောတဲ့အတွက် EV တွေမှာ ဘယ်လိုအလန်းစား Feature တွေပါလာမလည်းဆိုတာ မသိသေးပါဘူး။ Yoshida အနေနဲ့ ပို့ဆောင်ဆက်သွယ်ရေးအခက်အခဲတွေကို လုံခြုံရေး၊ ဖျော်ဖြေရေးနဲ့ ပြောင်းလဲနိုင်စွမ်းအစရှိတဲ့ အချက်တွေပေါ်မူတည်ပြီး ကားတွေကို ထုတ်လုပ်သွားမယ်လို့ အသားပေးပြောကြားခဲ့ပါတယ်။ Sony အနေနဲ့ EV တွေထုတ်လုပ်ဖို့ အမှန်တစ်ကယ်ကြိုးစားနေတာဖြစ်ပြီး ကိုယ်ပိုင် EV Concept ကား၂ ခုထုတ်လုပ်ပြီးဖြစ််ပါတယ်။

Honda CEO Toshiro Mibe ကလည်း တိုးတက််လာတဲ့နည်းပညာတွေကို အသားပေးသွားရမယ်လို့ ပြောခဲ့ပါသေးတယ်။ Mibe အနေနဲ့ အသစ်တည်ထောင်မယ့် ကုမ္ပဏီဟာ Honda ရဲ့နောက်ဆုံးပေါ်နည်းပညာတွေကို အသုံးပြုပြီး ပတ်ဝန်းကျင်နဲ့ လုံခြုံရေးကို စိတ်ချရအောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ Sony နဲ့ Honda ပေါင်းထားတဲ့ ကုမ္ပဏီအသစ်ဟာ နည်းပညာအသစ်တွေကို ဒီနှစ်ကုန်အတွင်း ယူဆောင်လာမယ်လို့ သိရပါတယ်။

Ref : Gizmochina

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ရှရှားမှ ထွက်ခွာသွားတဲ့ Netflix နဲ့ TikTok ကလည်း ပိုစ့် အသစ်တင်တာနဲ့ Live လွှင့်ခြင်းများကိုပိတ်ပင်

Next
Next

Apple ‘Peek Performance March event ကဘာတွေ မိတ်ဆက်လာနိုင်သလဲ?