Angry Birds လည်း ဂျပန်ရောက်သွားပြီ
ခုရက်ပိုင်းဂျပန်ကို မိတ်ဆွေတို့ထက်အရင် ရောက်သွားတော့မယ့်အထဲမှာ Angry Birds တို့လည်းပါလာပါပြီ။ FinLand အခြေစိုက် Rovio ဂိမ်းကုမ္ပဏီဟာ လွန်ခဲ့တဲ့ 10 နှစ်ကျော် ၂၀၀၉ ခုနှစ်မှာ iOS အတွက်စတင်ထွက်ရှိလာရာကနေ အတော်လေး လူကြိုက်များခဲ့ပြီး Android နဲ့ PC ပေါ်မှာလည်း Multi-Platform အနေနဲ့ထွက်ရှိလာခဲ့ပါတယ်။ Total Download အကြိမ်ရေကလည်း 5 Billion ခန့်ထိ ရောက်လာခဲ့ပါတယ်။
အဲ့ဒီနောက် တစ်ဖြည်းဖြည်းပြောင်းလဲလာတဲ့ Trends တွေအရ Angry Birds ကိုလူစိတ်ဝင်စားတာလျော့လာခဲ့ပြီး ပိုကောင်းလာတဲ့ Graphics နဲ့ ဂိမ်းတွေဖက်ကို လူတွေ ခြေဦးလှည့်လာခဲ့ပြီး Angry Birds လည်းတစ်ဖြည်းဖြည်းဆော့သူနည်းလာခဲ့ပါတယ်။ Angry Birds အောင်မြင်စဥ်က Animation Video ထွက်ခဲ့ပြီး Angry Birds 1 မှာထိုက်သင့်သလောက် အောင်မြင်ခဲ့ပေမယ့် 2 မှာတော့ အတော်လေး အခြေအနေမကောင်းခဲ့လို့ 2019 မှာပဲရပ်သွားခဲ့ပါတယ်။
ခုတော့ Angry Birds ဖန်တီးရှင် Rovio Ent လည်း ငှက်ကလေးတွေကို ဂျပန်ကို လွှတ်ရတော့မယ် အခြေအနေဖြစ်သွားပါတယ်။ Japan Sega Corportaion ကို $775 Million နဲ့ ရောင်းလိုက်ပြီး အရောင်းအဝယ်နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ Sega ဖက်ကတော့ Angry Birds ကို Platform အသစ်တွေအပေါ်မှာ တင်ဖို့နဲ့ Movie တွေ၊ Series တွေပြန်ထုတ်သွားဖို့ အစီအစဥ်တွေရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ခုချိန်ထိ Angry Birds ဆော့နေကြသူတွေရှိကြလားဗျာ?
Ref : GSMArena
#AkhayarTech