တရုတ်မှာ ကာရာအိုကေမိုက်ကရိုဖုန်း ရောင်းနေတဲ့ Tesla

ခေတ်လွန်နည်းပညာပစ္စည်းတွေထုတ်တဲ့ Tesla အနေနဲ့ တရုတ်မှာ ကာရာအိုကေဆိုတဲ့ မိုက်ကရိုဖုန်းတွေ ရောင်းချနေတာဖြစ်ပါတယ်။ ဒီမိုက်တွေကို ပြီးခဲ့တဲ့အပတ်က စတင်ဖြန့်ဖြူးခဲ့တာပါ။ မိုက်တွေဟာ Tesla ကထုတ်တဲ့ ကားတွေမှာ အဓိကသုံးဖို့ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပြီး လောလောဆယ် တရုတ်မှာပဲ ဝယ်လို့ရနိုင်ပါသေးတယ်။ ဒီမိုက်တွေကို Leishi KTV လို့ခေါ်တဲ့၂ယောက်စုံတွဲ သီချင်းဆိုနိုင်တဲ့ Feature ပါဝင်တဲ့ တရုတ်နှစ်ကူး Software Update နဲ့အတူ ရောင်းချခဲ့ပါတယ်။

ဒီ Tesla မိုက်တွေကို တရုတ် Tesla Online Store မှာ US Dollar 188 ကျပ် (တစ်စုံကို မြန်မာငွေ ၄ သိန်းခန့်ဖြင့်) မှာယူနိုင်ပြီး စတင်ရောင်းချပြီး တစ်နာရီအတွင်း အကုန်ရောင်းကုန်သွားတယ်လို့သိရပါတယ်။ လောလောဆယ်မှာတော့ Instock ထပ်မရနိုင်သေးဘူးလို့လည်းသိရပြီး တစ်ချို့ဆိုရင် ဈေး၂ဆတင်ပြီး ပြန််ရောင်းနေကြပြီလို့တောင် Twitter မှာရှဲနေကြပါတယ်။

Tesla ကားတွေမှာ "Caraoke" ဆိုတဲ့ In-car karaoke App ပါဝင်ပြီး ၂၀၁၉ မှာ စတင်မိတ်ဆက်ခဲ့ပေမယ့် နောက်ပိုင်းမှာ Tesla Arcade ကို လမ်းအန္တရာယ်ကင်းရှင်းမှု အစိုးရပိုင်း ဥပဒေအကြောင်းပြပြီး US ကပိတ်ပင်ခဲ့ပါတယ်။ Tesla အနေနဲ့ နောက်ပိုင်းမှာ Life-style Brand အဖြစ််ပိုမို အသားပေး ပစ္စည်းတွေထုတ်လုပ်လာပါတယ်။ ထုတ်သမျှ Products တိုင်းကလည်း ခေါင်းစားစရာ ပစ္စည်းတွေကြီးပါပဲ။ $250 တန်နဲ့ Tesla Tequila လိုမျိုး၊ $69.420 တန်တဲ့ ဘောင်းဘီရောင်းတာမျိုးတွေအပြင် Cybertruck ပုံစံခရာလည်း ရောင်းချပြီး စတန့်ထွင်ခဲ့ပါသေးတယ်။ သို့ပေမယ့် ရောင်းသမျှအကုန် ချက်ချင်း Sold Out ပြီး reseller တွေဆီမှာ ဈေးတွေ ပြန်တက်ကုန်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်မှာတော့ မိတ်ဆက်ထားတဲ့ Products Model ထုတ်လုပ်မှုကို ရပ််နားပြီး လောလောဆယ်ဈေးကွက်ဝင်နေတဲ့ Products တွေကိုပဲ ဆက်လက်ထုတ်လုပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ Tesla ထွက် Products တွေကိုလည်း meme-cryptocurrency၊ Dogecoin စတဲ့ Crypto တွေနဲ့လက်ခံသွားမယ်လို့ ကြေငြာထားပါတယ်။

ဒါ့အပြင် Tesla Model 3/Y မှာပါဝင်တဲ့ Charging Station ကို Capacity ပိုများပြီး၊ ပိုမြန်တဲ့ Charging Station အဖြစ်ပြောင်းနိုင်မယ့် 18-watt Qi Charging Battery Pack ကိုလည်း ထုတ်လုပ်သွားမယ်လို့ဆိုပါတယ်။ ဒါ့အပြင် Tesla ကားနောက်ခန်းခုံတွေအတွက် Liner အသစ်ကိုလည်း Merchandise အဖြစ် ရောင်းချသွားမယ်လို့ မိတ််ဆက်ထားပါသေးတယ်။ Tesla အနေနဲ့ Cryptocurrency၊ Mobile Phone၊ Vehicle၊ Life-style Brand၊ Space Tech စတဲ့ နယ်ပေါင်းစုံမှာ ခြေချပြီး Public stunt ပေါင်းစုံမှာ အောင်မြင်နေတာဖြစ်ပါတယ်။

Ref: The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဂိမ်း ၁၀၀ ကျော်ပါဝင်မယ့် Valve Steam Deck

Next
Next

AMD Ryzen 7 5700G APU တပ်ဆင်ထားတဲ့ MSI MAG Trident S mini Gaming Console