Motorola Rizr Rollable Phone

ဟိုတစ်လောက ရေးခဲ့တဲ့အတိုင်း Motorola ရဲ့ Rollable ဖုန်းက MWC မှာထွက်လာပြီဖြစ်ပါတယ်။ Video ထဲကအတိုင်းဆိုရင် ဖုန်းရဲ့အပေါ်ဖက်ကို အောက်ခြေကနေ Roller နဲ့ တွန်းပြီး Display ကို Expand လုပ်ပေးသွားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။

Report တွေအရတော့ မူလအနေအထားမှာ ၅လက်မပဲရှိတဲ့ လက်တစ်ဝါးစာ အနေအထားဖြစ်ပြီး Roll လုပ်ပြီး Screen ကိုဖြန့်လိုက်ရင်တော့ ၆.၅လက်မခန့်ရှိတဲ့ One Handed အရွယ်ကို ပြောင်းသွားပါတယ်။ UI တွေကလည်း တစ်ဖြည်းဖြည်းလိုက်ပြောင်းသွားတာကို ကြည့်ရတာ အတော်လေး သဘောခွေ့စရာပါပဲ။

တစ်ခြား အပိုဆောင်း Feature တွေကတော့ ကိုယ်သုံးနေတဲ့ App, ကြည့်နေတဲ့ Video ကိုလိုက်ပြီး Screen Size ကိုပြောင်းပေးမှာဖြစ်လို၊ IP rating လည်းပါလာမလာဆိုတာ စောင့်ကြည့်ရပါမယ်။ အားနည်းချက်ကတော့ ဆန့်ထုတ်ထားတဲ့ Dispaly ဟာ အထိခိုက်ခံမခံဆိုတာပါပဲ။ ဒါကလည်း တစ်ခုခုဆို အမြန်ပြန်ပြီး သိမ်းတဲ့ Mechanism နဲ့အထိုက်အလျောက် ကာကွယ်လို့ရပါတယ်။

ကျွန်တော်ကတော့ မဝယ်နိုင်ရင်တောင် အပြင်မှာ သွားစမ်းဖို့သင့်တဲ့ ဖုန်းထဲမှာပါဝင်လို့ သေချာပေါက်သွားကိုင်ကြည့်ရဖို့ မျှော်လင့်ပါတယ်။

Ref : Android Authority

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Android နဲ့ iOS ၂ မျိုးလုံးကို လာတော့မယ့် Google Magic Eraser

Next
Next

အပြန်အလှန် Satellite ဆက်သွယ်မှုပြုလုပ်နိုင်မယ့် Samsung Exynos Chipset