အပြန်အလှန် Satellite ဆက်သွယ်မှုပြုလုပ်နိုင်မယ့် Samsung Exynos Chipset

Apple စတဲ့ ဂြိုလ်တုဆက်သွယ်ရေးဟာ ခုထိမပြီးတော့ပဲ Huawei ကနေ Samsung ကိုပါကူးသွားတယ်ဆိုရမလားပါပဲ။ Samsung အနေနဲ့ Satellite ဆက်သွယ်မှုကို Exynos 5300 နဲ့ဝင်လာမယ်လို့ သိရပါတယ်။ သဘာဝကပ်ဘေးကြောင့် ဒါမှမဟုတ် စစ်ရေးတစ်ခုခုကြောင့် အင်တာနက်သုံးလို့မရတဲ့ နေရာတွေမှာ ဂြိုလ်တုကနေတစ်ဆင့် အပြန်အလှန်ဆက်သွယ်လို့ရမှာဖြစ်ပါတယ်။

Samsung ကနမူနာပြထားတဲ့ Video ထဲမှာ အင်တာနက်မရတဲ့နေရာက လူက ဂြိုလ်တုဆီကို အချက်အလက်တွေပို့ပေးလိုက်ပြီး ဂြိုလ်တုက ထိုအချက်အလက်တွေကို Ground Station ကိုပြန်ပို့ပေးပြီး Ground Station က အင်တာနက်ပေါ်ကတစ်ဆင့် Receiver ထံကိုပို့ပေးမှာဖြစ်ပါတယ်။ ဒီနည်းက 2 ways အလုပ်လုပ်မှာဖြစ်လို့ အင်တာနက်ရသူကလည်း အင်တာနက် > Ground Station > Satellite > Receiver ဆိုပြီး ပြောင်းပြန်အလုပ်လုပ်ဦးမှာပါ။ ပို့တဲ့နေရာမှာ စာတင်မဟုတ်ပဲ High Resolution, Video တွေကိုလည်း ပို့လို့ရဦးမယ်လို့ဆိုပါတယ်။

Samsung အနေနဲ့ အဆိုပါ လုပ်ဆောင်ချက်ကို ဖုန်းတွေမှာထည့်ဖို့ လုံးပန်းနေသလို Urban Area တွေမှာ လေယာဥ်စီးနေရင်း အသုံးပြုဖို့၊ လူမဲ့ယာဥ်တွေကို ချိတ်ဆက်ဖို့လည်း အသုံးပြုနိုင်ဖို့ Chips တွေကို တီထွင်နေတယ်လို့ ဆိုပါတယ်။

Apple မှာ တည်နေရာအချက်အလက်ကို One-way ပဲပို့နိုင်ပေမယ့် Samsung ရော၊ Huawei ကပါ 2 Ways ကိုမိတ်ဆက်ထားလို့ ပွဲကတော့ကြည့်ကောင်းဦးမှာအသေချာအချာပါပဲ။ တစ်ကယ်လို့ Service တွေများလာရင် ဈေးလည်း သက်သာဦးမှာပါ။

Ref : GSMArena

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Motorola Rizr Rollable Phone

Next
Next

Dota 2 အကောင့် ၄၀,၀၀၀ ကျော်ကို အပြီးဘန်းလိုက်တဲ့ Valve