Flip ဖုန်းဈေးကွက််ကို ခုန်ဝင်လာတဲ့ Motorola Razor+

Motorola ကပြီးခဲ့တဲ့နှစ်တွေထဲမှာ Flip နဲ့ Fold နဲ့ပတ်သတ်ပြီး နည်းပညာတွေတစ်ခုပြီးတစ်ခု ထုတ်ပြနေခဲ့တာပါ။ နောက်ဆုံးတော့ Flip တွေကိုလည်း ထုတ်ပြလိုက်ပါပြီ။ တစ်ဖြည်းဖြည်း အပြိုင်အဆိုင်ဖြစ်လာတဲ့ Flip ဖုန်းဈေးကွက်မှာ Samsung တစ်ခုတည်းကိုပဲ ဗိုလ်ကျခွင့်ပေးမထားချင်လို့ အပြိုင်အဆိုင်ဖိုက်နေတဲ့အချိန်မှာ Motorola ရဲ့ Razr တွေကတစ်ကယ် အကြိုက်တွေ့စရာပါ။

Razor+ ရဲ့ ခေါက််လိုက်တဲ့အခါ သုံးနိုင်တဲ့ 3.6 Secondary Display ကလုံးဝအကြိုက်တွေ့စရာပါပဲ။ ဈေးကွက်ထဲက Zflip 4 ကသူ့ထက် Display သေးပါတယ်။ ဖုန််းပိတ်ထားလိုက်တဲ့အခါမှာ အထူကလည်း 15.11 mm ပဲထူပါတယ်။ ဒါ့အပြင်သူတို့ရဲ့ Dodgy Hinge ကြောင့် Screen ပိတ်ထားတဲ့အခါ Gapless ဖြစ်နေမယ်လို့ ဆိုပါတယ်။

Flip ဖုန်းတော်တော်များများရဲ့ ပြဿနာဖြစ်တဲ့ Secondary Display ဟာ Fully Funcitonal မဖြစ်တဲ့ကိစ္စကို Razr+ ကဖြေရှင်းပေးထားပါတယ်။ ပုံမှန် Flip တွေမှာ Noti စစ်တာ၊ Selfie ဆွဲတာနဲ့ တစ်ချို့ App တွေသုံးလို့ရပေမယ့် Razr+ မှာတော့ Secondary Display ကို နောက်ထပ်ဖုန်းတစ်ခုအနေနဲ့ သုံးလို့ရအောင်ပါလုပ်ပေးထားပါတယ်။ ဒါ့အပြင် Camera Setup တစ်ခုလုံးကို Secondary Display မှာ Punchhole အဖြစ်ထည့်ပေးထားပါတယ်။ ဒါ့အပြင် brightest အဖြစ်ဆုံးအချိန်မှာ 1100 nits, dynamic 144Hz refresh rate နဲ့လာဦးမှာပါ။

Ram 8GB, Snapdragon 8+ Gen 1 အပြင် ၄ နှစ်ထိ Major Android Update 3 ခုထိ Support သွားမယ့် Razr+ ကို 165Hz Refresh Rate နဲ့လာမယ့်အပြင် Out of the box 256GB Storage Capacity ကနေစတင်သွားမှာဖြစ်ပါတယ်။ Main Display ရဲ့ Max Brightness က 1400 nits လည်းဖြစ်ပါတယ်။

Razr+ ရဲ့ဈေးနှုန်းကတော့ $999 ဖြစ်ပါတယ်။ မိတ်ဆွေတို့ရော Razr+ ကိုင်ချင်ကြသူတွေရှိလား?

Ref : Thestreet

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Android မှာ Battery Health ကြည့်ချင်သူတွေအတွက် Android 14

Next
Next

လူ့ဦးနှောက်ထဲ FDA ခွင့်ပြုချက်နဲ့ Computer ထည့်ခွင့်ရသွားပြီဖြစ်တဲ့ Elon Musk