Android မှာ Battery Health ကြည့်ချင်သူတွေအတွက် Android 14

Battery Health လို့ပြောရင် Android အသုံးပြုသူတွေက ဘာလဲလို့ပြန်မေးနိုင်ပေမယ့် iOS သမားတွေကတော့ သိကြမှာဖြစ်ပါတယ်။ iPhone တစ်လုံးရဲ့ actual battery maximized capacity ကိုပြတဲ့အခါ Battery Health နဲ့တိုင်းတာကြပါတယ်။ 80% အောက်ဆို မကောင်းဘူးလို့လည်း မှတ်ယူကြပါတယ်။ ဒါပေမယ့် Android တွေမှာတော့ အားမဝင်တော့လို့ Battery လဲမယ်စဥ်းစားမှသာ Battery မကောင်းတော့တာလို့ မှတ်ယူကြပါတယ်။

အဲ့တော့ ကျွန်နော်ကတော့, ကျွန်မကတော့ Phone Battery လေးကြည့်ပြီး စိတ်ဆင်းရဲချင်တာပါဆိုရင်တော့ Android 14 မှာ ဖုန်းရဲ့ Battery Health အပြင် Charging Cycle Count ကိုပါပြပေးမယ့် API ၂ ခုပါလာတာမို့ ဆုတောင်းပြည့်ပါပြီ လို့ပြောပါရစေ။ ဒါ့အပြင် Device's manufacturing date, date of first use, charging policy, state of health စတဲ့ အချက်အလက်တွေပြသွားဖို့လည်း API မှာပါဝင်ပါတယ်။

Android 14 သုံးနေတဲ့သူတွေကတော့ GitLab မှာ Batt လို့ခေါ်တဲ့ App ကိုသုံးပြီး စမ်းကြည်လို့ရပါတယ်။ မကြာခင်မှာ Google ကိုယ်တိုင်က Battery Health ကို တရားဝင်ထည့်ပေးလာမလားဆိုတာ မေးခွန်းထုတ်စရာပါပဲ။

ဘော်ဒါတို့ရော Android မှာ Battery Health ကြည့်ချင်ကြလား?

Ref : GSMArena

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

iOS 17 & iPadOS 17 ကို Support ပေးမယ့် Devices များ

Next
Next

Flip ဖုန်းဈေးကွက််ကို ခုန်ဝင်လာတဲ့ Motorola Razor+