လူ့ဦးနှောက်ထဲ FDA ခွင့်ပြုချက်နဲ့ Computer ထည့်ခွင့်ရသွားပြီဖြစ်တဲ့ Elon Musk

Elon Musk ရဲ့ Neuralink အနေနဲ့ FDA ခွင့်ပြုချက်နဲ့အတူ လူ့ဦးနှောက်ထဲမှာ Computer ထည့်ခွင့် တရားဝင်ရရှိသွားပြီဖြစ်ပြီး စမ်းသပ်မှုတွေစတင်တော့မှာဖြစ်ပါတယ်။ ဆိုတော့မကြာခင် ဦးနှောက်ထဲမှာ Computer ထည့်ပြီး Productivity တွေတက်လာကြတော့မှာဖြစ်ပါတယ်။

ဒီစမ်းသပ်မှုကို လာမယ့် ၆ လအတွင်းစတင်သွားမှာဖြစ်တယ်လို့ ၂၀၂၂ နိုဝင်ဘာတုန်းကလည်း ကြေငြာခဲ့ပြီးသားဖြစ်လို့ Neuralink Project ဟာအချိန်ကိုက်ကွက်တိ အစီအစဥ်အတိုင်းသွားနေတယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ မေးစရာရှိတာက ဒီကိစ္စစမ်းသပ်ဖို့အတွက် ဘယ်သူက Volunteer လုပ်မလဲဆိုတဲ့ မေးခွန်းပါ။ နာမည်ကြီးချင်တဲ့သူတစ်ယောက် ဒါမှမဟုတ် ဆေးပညာအရ လိုအပ်နေသူတစ်ယောက် ဒါမှမဟုတ် Elon Musk ကိုယ်တိုင်ဖြစ်နေမလားဆိုတာ မေးခွန်းထုတ်စရာပါ။ ဘာလို့လဲဆိုတော့ Elon ကသူ့ခေါင်းမှာ Neuralink တပ်မယ်လို့ သူကိုယ်တိုင် အာမခံခဲ့ဖူးပါတယ်။

လွန်ခဲ့တဲ့နှစ်တွေတုန်းကတော့ Neuralink ဟာမျောက်တွေကို တရားမဝင်စမ်းသပ်တယ်ဆိုပြီး တရားစွဲခံရတာတွေရှိပေမယ့် ကုမ္ပဏီကငြင်းပယ်ထားပါတယ်။ FDA ကိုယ်တိုင်လည်း ၂၀၂၂ တုန်းက Neuralink ကို လူသားမှာစမ်းသပ်ခွင့်ငြင်းပယ်ထားခဲ့ပါသေးတယ်။

ခွင့်ပြုချက်ရသွားပေမယ့် ကမ္ဘာ့ပထမဆုံး လူ့ဦးနှောက်ထဲ ကွန်ပျူတာထည့်တာဟာ Elon Musk မဟုတ်ပဲ Synchron ဆိုတဲ့ကုမ္ပဏီဖြစ်ပြီး လူ ၄ ယောက်ထိအောင်အောင်မြင်မြင် စမ်းသပ်ထားနိုင်ခဲ့ပါပြီ။ Elon ရဲ့ Neuralink သာအောင်အောင်မြင်မြင် စမ်းသပ်သွားနိုင်ခဲ့ရင် အနာဂတ်မှာ ဦးနှောက်ရောဂါရှင်တွေ၊ ဦးနှောက်ကြောင့် အကြောသေနေသူတွေ အတွက်မျှော်လင့်ချက်တွေ ရှိလာမယ်လို့ သိရပါတယ်။

Ref : The Verge

#Akhayartech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Flip ဖုန်းဈေးကွက််ကို ခုန်ဝင်လာတဲ့ Motorola Razor+

Next
Next

ကိုယ်ပိုင် AI တီထွင်နေနဲ့ TikTok