မဖြစ်နိုင်သောမိတ်ဆက်မှုငါးမျိုးကိုမျှော်လင့်နိုင်တဲ့ 9 ရက်နေ့ Galaxy Unpacked ပွဲ
လာမဲ့ Feb 9 ရက်နေ့မှာ Samsung ရဲ့တစ်နှစ်တစ်ခါ အကြီးဆုံးမိတ်ဆက်ပွဲဖြစ်တဲ့ Galaxy Unpacked ပွဲကျင်းပတော့မှာဖြစ်ပါတယ်။ တစ်နှစ်တစ်ခါ Flagship တွေကိုမိတ်ဆက်နေကျဖြစ်တဲ့ Samsung အနေနဲ့ ကျွန်တော်တို့အတွက်အသစ်အသစ်သောမတူညီတဲ့ လုပ်ဆောင်ချက်တွေကိုမိတ်ဆက်ပေးလေ့ရှိပါတယ်။ ဒီနှစ်မှာလည်းသေချာပေါက်ကိုလုပ်ဆောင်ချက်အသစ်တွေပါဝင်လာမဲ့ Galaxy S22 series ဖုန်းတွေကို မိတ်ဆက်တော့မှာပါ။အဲ့တော့ 9 ရက်နေ့ တရားဝင်မိတ်ဆက်ပွဲမတိုင်ခင် ကြိုတင်ရင်ခုန်လို့ရမဲ့လုပ်ဆောင်ချက်အသစ်တွေများပါလာနိုင်မလား?
မနှစ်ကထက်ပိုပြီးတိုးတက်လာမဲ့လုပ်ဆောင်ချက်အသစ်တွေကိုဒီနှစ်ဖုန်းအသစ်တွေမှာထည့်ပေးလာနိုင်လား?
မနှစ်က S21 Ultra မှာ S-Pen Slot တော့မပါပေမဲ့ S21 Ultra ,Galaxy Z Fold နဲ့ Galaxy Z Flip ဖုန်းတွေအတွက်ထုတ်ထားတဲ့ S-Pen နဲ့တွဲသုံးနိုင်ပါတယ်။ S-Pen သုံးဖို့အတွက် S21 ဟာ Slot မပါခဲ့တဲ့အတွက်နဲနဲတော့ကရိကထများခဲ့ပါတယ်။ Leak Render ဒီဇိုင်းတွေအရ ဆိုရင်တော့ S22 series မှာ S-Pen ကိုဘယ်လို Support ဆက်လုပ်ပေးသွားဦးမလဲတစ်ကယ်ရောပါလာနိုင်ရဲ့လားဆိုတာစိတ်ဝင်စားစရာပါပဲ။
TechRadar နဲ့ The verge ရဲ့ Leaks တွေအရ S22 series တိုင်းမှာ ပိုမိုကြည်လင်တောက်ပတဲ့ Super Clear Lens ကြောင့် Night mode မှာ Photo တင်မဟုတ်ပဲ Video ပါလာနိုင်ပါတယ်။ The verge ရဲ့ အဆိုအရ အလင်းဝင်နိုင်မှုပိုမိုအားကောင်းအောင်အတွက် Sensor size တွေကို အရင်နှစ်ကဖုန်းတွေမှာထက်ပိုပြီးကြီးပေးလာနိုင်ပါတယ်။ ဒါဟာ Ultra မော်ဒယ်တစ်မျိုးထဲမှာပဲမဟုတ်ပဲ ရိုးရိုးနဲ့ Plus မော်ဒယ်တွေမှာလည်း ပိုမိုကြီးမားတဲ့ Sensor size တွေကိုသုံးပေးလာနိုင်ပါတယ်။ ပိုမိုကြီးမားတဲ့ Sensor size ကြောင့်ဓာတ်ပုံစွမ်းဆောင်ရည်မှာအားရစရာတိုးတက်မှုတွေကို 9 ရက်နေ့မှာမိတ်ဆက်လာနိုင်ပါတယ်။
စွမ်းဆောင်ရည်ပိုင်းမှာကော ဘာတွေမျှော်လင့်လို့ရနိုင်မလဲ?
Exynos နဲ့လာမလား Snapdragon 8 Gen1 နဲ့လာမလားဆိုတာတော့စိတ်ဝင်စားစရာပဲ။Battery ကိုလည်း ကောလဟာလတွေအတိုင်းပဲ နည်းပညာအသစ်တွေနဲ့ ဘယ်လိုမျိုး 2ရက်ခံအောင်လုပ်သွားမလဲဆိုတာတော့စောင့်ကြည့်ရဦးမှာပါ။ Exynos 2200 Chipset ကပထမဆုံး AMD ရဲ့ RDNA 2 Architecture ပါဝင်လာမဲ့ Chipset ဖြစ်ပါတယ်။ Hardware နဲ့ အဆင့်မြင့်တင်ထားတဲ့ Ray Tracing ကြောင့် Gaming ပိုင်းမှာ Beast ဖြစ်လာမယ်လို့လဲအားလုံးကထင်ကြေးပေးနေကြပါတယ်။ အားလုံးလဲစိတ်ဝင်စားနေကြသလိုထွက်လာရင်လုံးဝသုံးကိုသုံးကြည့်သင့်တဲ့ chipset ပါ။ Exynos 2200 ရဲ့4nm Architecture ကြောင့် Battery ရဲ့ Efficiency ပိုင်းမှာဒီထက်ပိုပြီး တိုးတက်လာမှာပါ။ အဲ့တော့ စွမ်းဆောင်ရည်ပိုင်းမှာလည်း Samsung က S22 series မှာဘာတွေလုပ်ပြသွားဦးမလဲဆိုတာစိတ်ဝင်စားစရာပါပဲ။
Screen က မနှစ်ကထက် ပိုကြီးသွားမှာလား အခုံးနဲ့မိတ်ဆက်မှာလား?
Ultra version တွေမှာ Screen ကိုခုံးပေးနေကျဖြစ်တဲ့ Samsung အနေနဲ့ ဒီနှစ်မှာလည်း S22 Ultra ကို Ultra ဆိုတဲ့နာမည်နဲ့လိုက်အောင် Screen ကို Viewing area ကြီးနိုင်သမျှကြီးအောင်လုပ်ပြီး အခုံးနဲ့မိတ်ဆက်လာနိုင်ပါတယ်။ WinFuture ရဲ့ဖော်ပြချက်အရ S21 Ultra ကိုခုံးပြီး viewing area ကြီးအောင်လုပ်ပေးလာနိုင်ပါတယ်။ S22 Ultra မှာ လေးထောင့်ဆန်ဆန်ဒီဇိုင်းကို သုံးပြီး Note ရဲ့ အငွေ့အသက်ကိုဒီဖုန်းမှာမြင်တွေ့ရဖို့များပါတယ်။
အဲ့တော့အခု ရေပန်စားနေတဲ့ဒီ ကောလဟာလတွေအရ တစ်ကယ်ပဲ ဒီလောက်ထိကောင်းနေတဲ့ Specification တွေနဲ့ Leak တွေဟာ တစ်ကယ်ပဲမိတ်ဆက်လာမှာလားနောက်ပြီးဒီလိုမဖြစ်နိုင်တဲ့အရာတွေကိုရော Galaxy Unpacked မှာ တစ်ကယ်ပဲချပြသွားမှာလားဆိုတာတော့ Feb 9 ရက် မြန်မာစံတော်ချိန် ၉ နာရီခွဲမှာ စောင့်ကြည့်သွားရပါဦးမယ်။
Ref: Samsung Galaxy S22 event: what to expect from Unpacked 2022 - The Verge
Samsung Galaxy S22 Ultra shown in more leaked renders, here it is in four colors - GSMArena.com news
Author: Hein Htet