Instagram, Messenger နဲ့ Facebook Stories မှာ 3D avatars ထည့်သွင်းပေးလိုက်တဲ့ Meta

Facebook ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta အနေနဲ့ 3D Avatars တွေကို Instagram Stories တွေနဲ့ Direct Messages တွေမှာ ထည့်သွင်းပေးလိုက်သလို Facebook နဲ့ Messenger ရဲ့ Avatars တွေကိုလည်း Update ပေးလိုက်ပါတယ်။ United States, Canada, Mexico မှာရှိတဲ့ လူတွေအနေနဲ့ 3D Avatar အသုံးပြုပြီး Stickers, Newsfeed Post, Profile Pictures တွေကို Meta ရဲ့ Platform တော်တော်များများအပြင် Quest VR Platformမှာပါ စတင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ Meta ရဲ့ Avatars တွေမှာ လူပုံပန်းသွင်ပြင်တွေအပြင် မသန်စွမ်းတွေအတွက် နားကြားကိရိယာ၊ Wheelchair ပုံစံတွေပါ ပါဝင်ပါတယ်။ Meta ရဲ့ အထွေထွေ မန်နေဂျာ Aigerim Shorman က Meta အနေနဲ့ မသန်စွမ်းတွေကိုလည်း တန်းတူအခွင့်အရေးပေးတဲ့ အနေနဲ့ ထည့်သွင်းပေးထားတာလို့ဆိုပါတယ်။

"၂၀၂၁ တုန်းက Meta ကြေငြာထားတဲ့ Metaverse ဖြစ်အောင်လုပ်ဆောင်မယ်လို့ ပြောထားတဲ့အတိုင်း မိုင်ပေါင်း သောင်းချီဝေးနေလည်း အခန်းတစ်ခန်းထဲမှာ အတူတူထိုင်နေသလိုမျိုး ခံစားရအောင် လုပ်ဆောင်ပေးမယ်" ဆိုတဲ့ စကားအရ Meta အနေနဲ့ VR, AR ဖက်ကို ပိုမိုအာရုံစိုက်ပြီး Social Media နဲ့ပေါင်းစပ်နိုင်အောင် ပိုမိုအာရုံစိုက်လာတာဖြစ်ပါတယ်" လို့ Shorman ကသူရဲ့ Blog မှာရေးသားထားပါသေးတယ်။ ဒီ Avatars တွေကနေ ရှိသမျှ Devices တွေကို ချိတ်ဆက်အသုံးပြုပြီး ချစ်ခင်ရသူတွေနဲ့ တွေ့ဆုံနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။

Meta CEO Mark Zuckerberg အနေနဲ့ Meta ရဲ့အဓိကရည်ရွယ်ချက်က Metaverse ဖြစ်လာဖို့ဖြစ်ပြီး တစ်ဖြည်းဖြည်းနဲ့ ပိုမိုပြည့်စုံ ဆန်းသစ်လာတဲ့ 3D Avatars တွေကို ဖန်တီးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ စမ်းသပ်ကာလတုန်းကလည်း Meta အနေနဲ့ Detail ကျတဲ့ Avatars တွေအပြင် Real-time နောက်ခံ Background အလန်းတွေကိုပါ စမ်းသပ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် VR,AR အကုန်လုံးကို Launch လုပ်ဖို့ဆိုတာ အချိန်တစ်ခုတော့ လိုအပ်နေဆဲပါ။

Meta အနေနဲ့ Metaverse ဖြစ်လာဖို့အတွက် ဒီနှစ်ထဲမှာ အနည်းဆုံး $10 Billion ခန့်သုံးခဲ့ပါတယ်။ ဒါပေ့မယ့် ဒီနှစ်ပိုင််းမှာထွက်လာတဲ့ လေ့လာချက်တွေအရ Facebook အနေနဲ့ အနှုတ်ပြပြီး အရှုံးပေါ်တာတွေတော့ ရှိနေတယ်လို့ဆိုပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ Metaverse ကိုစိတ်မဝင်စားတာတွေလည်း ရှိနေပါတယ်။ Facebook အနေနဲ့ အဓိကဝင်ငွေက Ads တွေကနေရရှိတာဖြစ်ပြီး 2021 နှစ်လည်လောက်ကစပြီး Facebook အနေနဲ့ သုံးစွဲသူ ကျဆင်းလာတဲ့ ပြဿနာအချို့လည်း ရှိနေပါတယ်။

၂၀၁၈ တုန်းကလည်း Facebook အနေနဲ့ အသုံးပြုသူတွေရဲ့အချက်အလက်တွေကို အလွဲသုံးစားလုပ်တယ်ဆိုတယ်ဆိုတဲ့ တရားစွဲဆိုမှုတွေဖြစ်ခဲ့ပြီး ဒဏ်ငွေဆောင်ရတာတွေရှိခဲ့ပါတယ်။ ထိုတရားစွဲဆိုမှုပြီးတဲ့နောက်မှာတော့ Facebook အနေနဲ့ Messenger ကို End-to-end Encryption လုပ်တာမျိုးတွေစတဲ့ အသုံးပြုသူတွေရဲ့ Privacy ကိုပိုမိုအသားပေးလာတာကို တွေ့ရပါတယ်။ ဒါ့ပြင် Facebook ပေါ်မှာ ထုတ်ပြန်ထားတဲ့ Community Standard တွေကို မလိုက်နာတဲ့အခါ အကောင့်ဖျက်တာတွေ၊ အရေးယူတာတွေကို အရင်ကထက်ပိုပြီး လုပ်ဆောင်လာပါသေးတယ်။ Facebook ဖက်ကတော့ ဒါဟာပိုမိုကောင်းမွန်လုံခြုံတဲ့ Social Media တစ်ခုဖြစ်ဖို့အတွက်လို့ ဆိုထားပါတယ်။

Ref : Facebook Newsroom

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

MIUI 13 အိန္ဒိယမှာ စတင်ထွက်ရှိ

Next
Next

Google ကထုတ်ထား VPN ကို iOS မှာသုံးလို့ရပြီ