Mirrorless ထုတ်လုပ်ရေးပိုင်းကို အားစိုက်ဖို့အတွက် DSLRs ထုတ်လုပ်ခြင်းကို ရပ်ဆိုင်းလိုက်တဲ့ Nikon

နာမည်ကြီး ကင်မရာကုမ္ပဏီတစ်ခုဖြစ်တဲ့ Nikon အနေနဲ့ SLR Camera ထုတ်လုပ်ခြင်းကို ရပ်ဆိုင်းလိုက်တယ်လို့ Nikkei Asia မှာဖော်ပြထားပါတယ်။ ဖုန်းကင်မရာတွေ ပိုကောင်းလာတာကနေ အစပြုပြီး ကင်မရာ Industroy လည်း တစ်မျိုးတစ်ဖုံပြောင်းလဲလာပါတယ်။ ဂျပန်နာမည်ကြီး ကင်မရာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Nikon ကတော့ သူတို့ရဲ့ Mirrorless Camera Model အသစ်ဖြစ်တဲ့ Nikon D6 DSLR ကို အာရုံစိုက်ဖို့အတွက် DSLR ထုတ်တာတွေကို ခဏ ရပ်ထားဦးမယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။

Single Lens Reflex Camera တွေအနေနဲ့ ကင်မရာထဲက မှန်အတွဲလိုက်ကိုဖြတ်ပြီး ပုံရိပ်ကိုဖမ်းယူတာဖြစ်ပြီး ​Mirrorless တွေကတော့ Reflex Mirror မပါပဲ ပုံရိပ်တွေကို တိုက်ရိုက်ဖမ်းယူပြီး Digital Sensor ပေါ်ကိုကျစေကာ ပုံရိပ်တွေကို Screen တစ်ခုပေါ်မှာ ပြသပေးတာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ပေါ့ပါးသေးငယ်တဲ့ Mirrorless တွေဟာ တစ်ဖြည်းဖြည်းနဲ့ နေရာယူလာတာ ၁၀ စုနှစ်တစ်ခုကျော်လာပြီဖြစ်ပါတယ်။ ဒါ့အပြင် Mirrorless လို့ခေါ်ဆိုနိုင်တဲ့ Smartphone Camera တွေဟာ ပိုကောင်း၊ ပိုပြီးစွမ်းဆောင်ရည်မြင့်လာတာကြောင့်လည်း Camera သပ်သပ်ဝယ်ဖို့ သိပ်မလိုတော့တဲ့ အကြောင်းအရင်းဖြစ်ပါတယ်။

Mirrorless တွေဟာ စက်ပစ္စည်းတွေ အများကြီးမပါပဲ Digital နဲ့ပဲ အလုပ်လုပ်တဲ့အတွက် ပိုမြန်ပြီး၊ ပုံရိပ်တွေကိုလည်း SLRs တွေထက်ပိုမြန်မြန် ထုတ်ပေးနိုင်တာကြောင့် လူကြိုက်များလာပါတယ်။ ဒါ့အပြင် သယ်ဆောင်ရလွယ်ကူတာ၊ Compact ဖြစ်တာကြောင့် Vlogger တွေ၊ Youtuber တွေကအစ Entry သမားတွေအဆုံး Mirrorless ကိုအသုံးများလာကြပါတယ်။ 2020 မှာ Mirrorless တွေဟာအလုံးပေါင်း 2.93 Million ရောင်းချခဲ့ရပေမယ့် DSLRs တွေကတော့ 2.37 Million ပဲရောင်းချခဲ့ရတယ်လို့ Japan Camera and Imaging Products Association ကဆိုပါတယ်။

"Nikon အနေနဲ့ Smartphones တွေကို မယှဥ်နိုင်လို့ ရောင်းအားတွေကျနေတာ အချိန်တစ်ခုရှိနေပါပြီ၊ ဒါကြောင့်မို့ ပိုကောင်းပြီး Unique ဖြစ်တဲ့လုပ်ဆောင်ချက်တွေပါတဲ့ ​Mirrorless ကင်မရာတစ်ခုကို ထုတ်ပြီး ဈေးကွက်ချဲ့ထွင်ဖို့ ကြိုးစားမယ်" လို့ Nekkei မှာရေးသားထားပါတယ်။ Canon ကိုယ်တိုင်လည်း နောက်နှစ်အနည်းငယ်အတွင်းမှာ SRLs ထုတ်လုပ်မှုကို ရပ်ဆိုင်းသွားမယ်လို့ ဆိုပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

အသုံးပြုရ လွယ်ကူအဆင်ပြေမယ့် VPN များ

Next
Next

ဘာကြောင့် VPN သုံးသင့်တာလဲ