ဘာကြောင့် VPN သုံးသင့်တာလဲ

ကျွန်တော်တို့ဟာ အရင်တုန်းက VPN ဆိုတာကို နည်းပညာနဲ့ရင်းနှီးသူတွေနဲ့ တစ်ချို့သော Service သမားတွေသာ သုံးခဲ့တယ်လို့ သိခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ Website တစ်ချို့ကို ဝင်ရောက်ဖို့ အခက်အခဲဖြစ်သွားတဲ့အခါမှာတော့ VPN ဟာ ကလေးအစ၊ လူကြီးအဆုံး သိတဲ့ Web Service ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် VPN ကို Facebook သုံးဖို့အတွက်ပဲ သုံးရတာလား။ တစ်ခြား ဘယ်အရာတွေကြောင့်လည်း VPN ကိုသုံးသင့်လဲဆိုတာကို ပြောပြပေးပါ့မယ်။

၁. Public Wifi တွေသုံးတဲ့အခါမှာ လုံခြုံရေးအတွက် အသုံးပြုပါတယ်
သူငယ်ချင်းတွေနဲ့ အပြင်သွားလို့ Public Wifi သုံးတဲ့အခါမျိုး၊ ကျောင်းမှာ Wifi သုံးတဲ့အခါမျိုးတွေမှာ ကိုယ်ရဲ့ Web Traffic ကို တစ်ခြားသူတွေ စောင့်မကြည့်နိုင်အောင် VPN သုံးဖို့လိုပါမယ်။

၂. ကိုယ့်ရဲ့ Web Traffic တွေကို ISP တွေစောင့်ကြည့်တဲ့ရန်က ကင်းဝေးဖို့ သုံးပါတယ်
တစ်ချို့ Internet Service Provider တွေအနေနဲ့ အစိုးရနဲ့ပေါင်းပြီး ဘယ်သူက ဘယ် website တွေကိုတော့ ဝင်ကြည့်နေတယ်။ ဘယ်သူ့ကိုတော့ ဘာအကြောင်းအရာတွေ ပို့နေတယ်ဆိုတာမျိုးအထိ ဝင်ကြည့်နေနိုင်တာမို့ VPN သုံးပြီး ကာကွယ်လို့ရပါတယ်။

၃. ကိုယ်သုံးနေတဲ့ Software တွေနဲ့ Ads Provider တွေက ကိုယ်ရဲ့ Web Traffic တွေကို ခြေရာမခံနိုင်အောင် သုံးပါ
တစ်ခါတစ်လေ Browser မှာ VPN သုံးလိုက်တဲ့အခါ Ads မတက်တော့တာမျိုး ဒါမှမဟုတ် Ads အမျိုးအစား ပြောင်းသွားတာမျိုးတွေ မြင်ဖူးကြမယ်ထင်ပါတယ်။ VPN ကြောင့် ကိုယ်သုံးနေတဲ့ IP လိပ်စာဟာ VPN Server ရှိတဲ့ နိုင်ငံကို ပြောင်းသွားတာမို့ ကိုယ့်ရဲ့ နေရာကို လိုက်ပြီး ပြသမယ့် ကြော်ငြာတွေ၊ လုံခြုံရေးအချက်အလက်တွေကို ကာကွယ်ပြီးသားရာ ရောက်ပါတယ်။

၄. ပိတ်ပင်ထားတဲ့ Content တွေကို ကြည့်ခွင့်ရပါမယ်
တစ်ချို့နိုင်ငံတွေမှာ ပိတ်ပင်ထားတဲ့ Internet Content တွေကို VPN ကနေတစ်ဆင့် ကျော်ပြီး ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

၅. Remote အလုပ်တွေလုပ်တဲ့အခါမှာ လုံခြုံရေးစိတ်ချရပါတယ်
VPN အများစုက Encrypt လုပ်ထားတဲ့ ဆက်သွယ်မှုကို သုံးတာမို့ Device တစ်ခုနဲ့တစ်ခု ဆက်သွယ်တဲ့အခါမှာ လုံခြုံရေး ကျိုးပေါက်မှာ စိတ်မပူရတော့ပါဘူး။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Mirrorless ထုတ်လုပ်ရေးပိုင်းကို အားစိုက်ဖို့အတွက် DSLRs ထုတ်လုပ်ခြင်းကို ရပ်ဆိုင်းလိုက်တဲ့ Nikon

Next
Next

Elon Musk ရဲ့ လျှပ်စစ်ကားရောင်းချနှုန်းကို ကျော်တက်သွားတဲ့ BYD