အသုံးပြုရ လွယ်ကူအဆင်ပြေမယ့် VPN များ

VPN ဆိုတာ လူတိုင်းနဲ့ မစိမ်းတော့တဲ့ အချိန်မှာ ဘယ် VPNက အဆင်ပြေပြီး Payment အဆင်မပြေတဲ့ မြန်မာနိုင်ငံက လူတွေအတွက် အကောင်းဆုံးဖြစ်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

1. Cloudflare
မြန်မာနိုင်ငံမှာတော့ ၁ လေးလုံးလို့ လူသိများပါတယ်။ Oneclick ဖြစ်တာကြောင့် သုံးစွဲရတာလွယ်ကူသလို၊ Subscription လုပ်ရင်လည်း အရင်တုန်းက Phone Bill နဲ့မှ တစ်လကို ၁၅၀၀ ကျပ်ပဲရှိတာကြောင့် အသုံးများဆုံးဖြစ်ပါလိမ့်မယ်။ တစ်ခုအားနည်းချက်က Server နဲ့ နိုင်ငံ ရွေးလို့မရတာပါ။

2. Outline
နောက်တစ်ခုကတော့ Outline ဖြစ်ပါတယ်။ key လေးတွေနဲ့ သုံးရတာဖြစ်လို့ ရောင်းစားတဲ့သူတွေလည်း အဆင်ပြေသလို သုံးတဲ့သူတွေလည်း တစ်ကယ်လွယ်ကူလို့ အသုံးများကြပါတယ်။ အားသာချက်ကတော့ သုံးရတာ တစ်ကယ်လွယ်လို့ဖြစ်ပါတယ်။

3. Proton VPN
ဒီ VPN ကတော့ proton email ဖွင့်တာနဲ့ တစ်လကို 10GB Free ပေးသုံးတာဖြစ်ပါတယ်။ Proton Service တွေက လုံခြုံရေးအတွက် ရည်ရွယ်ပြီး လုပ်ထားတဲ့ Service တွေဖြစ်တာကြောင့် VPN ကလည်း လုံခြုံရေးအတွက် အဆင်ပြေပါတယ်

4. Express VPN
Express ကတော့ ဝယ်သုံးရင် ဈေးများသလို Service ကလည်းတစ်ကယ်ကောင်းပါတယ်။ ကောင်းကောင်းလေးနဲ့ ပိုက်ဆံလည်းပေးသုံးနိုင်တယ်ဆိုရင်တော့ Express ကိုရွေးချယ်ဖို့ အကြံပေးပါတယ်

5. SurfShark
ဒီကောင်ကတော့ ISP ပေါင်းစုံနဲ့ရတဲ့အပြင် လိုင်းလည်း အမှန်အကန်ကောင်းလို့ သုံးသင့်တဲ့ VPN ထဲမှာပါပါတယ်။ သူငယ်ချင်းတွေနဲ့ အုပ်စုလိုက် စုပေါင်းဝယ်ရင် တန်တဲ့ Package တွေရှိလို့ သုံးသင့်တဲ့ အထဲမှာပါပါတယ်။

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Bangkok သွားမယ်ဆို သိထားသင့်ထားတဲ့ Website တွေနဲ့ App များ

Next
Next

Mirrorless ထုတ်လုပ်ရေးပိုင်းကို အားစိုက်ဖို့အတွက် DSLRs ထုတ်လုပ်ခြင်းကို ရပ်ဆိုင်းလိုက်တဲ့ Nikon