နောက်ဆုံးပေါ် CPU တွေနဲ့ Microsoft Surface Laptop 5

အသစ်ထွက်လာတဲ့ Rumors တွေအရ နောက်ထွက်လာမယ့် Surface Laptop တွေအနေနဲ့ AMD ရဲ့Processor ပါဝင်မှာဖြစ်တဲ့အတွက် ရှေ့ကထွက်ထားတဲ့ Surface Laptop တွေထက်ပိုကောင်းဖို့ သေချာနေပါပြီ။ Ryzen 6000 ကြောင့်ရလာမယ့် Performance ဟာ ရှေ့က Model တွေထက် အသာကြီးသာနေမှာဖြစ်ပါတယ်။

ဒီအချက်အလက်ဟာ ယုံကြည်စိတ်ချရတဲ့ သတင််းရစ်မြစ်တစ်ခုဖြစ်တဲ့ Windows Prime ဆီကလာတာဖြစ််လို့ သေချာသလောက်ဖြစ်ပါတယ်။ Surface Latop 5 အတွက် အပိုင်းအစမှာယူမှုလို့ ခေါင်းစဥ်တပ်ထားတဲ့ စာရင်းစာရွက်တစ်ရွက်ကနေ ဒီသတင််းကိုသိရတာဖြစ်ပါတယ်။ ဒီသေချာသလောက်ဖြစ်နေတဲ့သတင်းကို Microsoft ဆီကတရားဝင်ကြေငြာတာကို စောင့်ရမှာဖြစ်ပါတယ်။

ပေါက်ကြားလာတဲ့ စာရင်းတွေအရ Surface Laptop 5 အနေနဲ့ 13.5 လက်မနဲ့ 15 လက်မ ဆိုပြီး Size 2 ခုနဲ့လာမယ်လို့သိရပါတယ်။ Size ၂ခုလုံးအတွက် AMD လား Intel လားဆိုတာကိုတော့ ဝယ်သူတွေကိုယ်တိုင် ရွေးချယ်နိုင်ပါမယ်။ ရှေ့မော်ဒယ်တွေမှာ ဖြစ်ခဲ့သလို ခေတ်နောက်ကျနေတဲ့ CPU တွေမဟုတ်တော့ပဲ Surface 5 မှာတော့ နောက်ဆုံးပေါ် CPU တွေဖြစ်တဲ့ 12th-gen Intel Alderr Lake နဲ့ AMD Ryzen 6000 ကိုသုံးထားတာဖြစ်ပါတယ်။

13.5 လက်မနဲ့ 15 လက်မ မတူတာကတော့ 15 လက်မ Model မှာပိုကောင်းတဲ့ CPU တွေသုံးပေးထားတာဖြစ်ပါတယ်။ Core i5-1240P, Core i7-1280Pအပြင်AMD Ryzen 5 6680U တို့ကို 15 လက်မ Model မှာပဲသုံးသွားပေးမယ်လို့သိရပါတယ်။ Core အရေအတွက်ကိုလည်း 13.5 ကို AMD အနေနဲ့ 6 Cores, 15 လက်မကို 8 Cores သုံးပေးသွားမယ်လို့ ဆိုပါတယ်။

GPU ပိုင်းမှာလည်း သိသိသာသာပြောင်းလဲမှုတွေလုပ်ထားပါသေးတယ်။ Intel based Model တွေမှာ Intel Iris Xe Graphics နဲ့ AMD Based တွေမှာတော့ အမည်မဖော်ပြထားတဲ့ Radeon အမျိုးအစား Graphics Card သုံးသွားမှာပါ။ Surface ကို ဂိမ်းဆော့ဖို့ မသုံးကြပေမယ့်လည်း ဒီ Specification တွေအရဆိုရင် Ryzen တန်ခိုးနဲ့ သာမန်ဂိမ်းတွေလောာက်ကိုတော့ အေးဆေးဆော့လို့ရပါပြီ။

တစ်ခြားအချက်အလက်တွေအနေနဲ့ USB-C port အပိုပါလာမယ်လို့လည်း သိရပါတယ်။ USB 4.0. ရဲ့ 40 GBps ထိမြန်တဲ့ Thunderbolt 4 လည်းထည့်သွင်းထားပါသေးတယ်။ Surface Connect နဲ့ USB-A port ကတော့ ပါဝင်နေဦးမှာပါ။ RAM ကတော့ LPDDR4x 32GB ထည့်သွင်းပေးထားပြီး Memory Storage SSD 1TB ပါဝင်မှာပါ။ Battery Life ကို 19-21 နာရီကြာအောင် ပြုလုပ်ထားတာမို့ မီးခဏခဏလာနေတဲ့ မြန်မာနိုင်ငံအတွက် အရမ်းအဆင်ပြေမှာပါ။ တစ်ကယ်လို့ ဈေးကွက်ထဲမှာ တစ်ကယ် အားခံမှာလား စာရွက်ပေါ်မှာပဲလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။

လက်ရှိ Surface Laptop 4 မှာတော့ Ryzen 5000 ထွက်ပေမယ့် 4000 ကိုပဲသုံးတာမျိုးတွေကြောင့် အနည်းငယ်ပြောခံရတာတွေတော့ရှိပါတယ်။ ဒီနှစ်မှာတော့ Microsoft အနေနဲ့ နောက်ဆုံးပေါ်တွေကိုပဲသုံးမယ် ကြံထားပုံရပါတယ်။ ဈေးကွက်ထဲမှာ ဘယ်လိုတွေဖြစ်ဦးမယ်ဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref : Digitaltrends

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Oxygen Os 13 ပြန်ထုတ်ဖို့ Fans တွေနဲ့တွေ့ဆုံပွဲ OnePlus ပြုလုပ်

Next
Next

iOS အတွက် PiP Mode အပြင် Desktop UI အနည်းငယ်ပြောင်းလဲသွားမယ့် YouTube