iOS အတွက် PiP Mode အပြင် Desktop UI အနည်းငယ်ပြောင်းလဲသွားမယ့် YouTube

ပြီးခဲ့တဲ့နှစ် ဂျွန်လတုန်းက YouTube အနေနဲ့ iOS တွေအတွက် PiP Mode ကို Premium Users တွေအတွက် စတင်ပေးနေပြီလို့ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် ဖုန်းတိုင်းအတွက်မဟုတ်ပဲ တစ်ချို့ Model တွေမှာ မရပဲဖြစ််နေပါသေးတယ်။

Picture-in-Picture (PiP) ဆိုတာ YouTube ကို Popup အနေနဲ့ဖွင့်ထားပြီး တစ်ခြား Apps တွေ Task တွေကိုသုံးလို့ရအောင် လုပ်ပေးထားတာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Premium Users တွေမှာပဲ ဒီလုပ်ဆောင်ချက်ကိုအသုံးပြုနိင်ပါသေးတယ်။ Test ကာလပြီးသွားရင်တော့ ကမ္ဘာတစ်ဝှမ်းက Premium အသုံးပြုသူတိုင်း အသုံးပြုနိုင်တော့မယ်လို့ဆိုပါတယ်။

PiP Mode စမ်းသပ်ကာလကို YouTube အနေနဲ့ August လထဲမှာ စတင်ခဲ့ပြီး October 31 မှာ စမ်းသပ်ကာလပြီးဆုံးကြောင်းပြောကြားခဲ့ပါတယ်။ ဒါပေမယ့် Deadline ပြီးခါနီးတိုင်း ဆက်တိုက် အချိန်ထပ်တိုးတာတွေရှိခဲ့ပြီး March 14 မှာ တော့ Test ကာလလုံးဝအဆုံးသတ်သွားပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်းလုံးက Premium အသုံးပြုသူတွေအတွက်မသိရသေးပေမယ့် United States မှာနေထိုင်ပြီး iOS အသုံးပြုနေတဲ့သူတွေအတွက်တော့ PiP Mode ကို အခကြေးငွေမသုံးပဲ ads တွေကြည့်ပြီး သုံးနိုင်မယ်လို့ဆိုပါတယ်။ ဒါပေမယ့် Background Play တော့မရနိုင်ဘူးဆိုပါတယ်။

ဒါ့အပြင် YouTube ရဲ့ Desktop UI မှာ အကြီးစား ပြဿနာတစ်ခုရှိနေပါတယ်။ အဲ့တာကတော့ တစ်ခြားဟာမဟုတ်ပါဘူး။ Comment Section ကိုဖတ်ဖို့အတွက် Scroll တဲ့အခါမှာ Video ကိုမမြင်ရတော့ပဲ အပေါ်တက်သွားတာဖြစ်ပါတယ်။ ဒီ UI ပြဿနာကိုလည်း YouTube အနေနဲ့ပြင်ဆင်နေပြီဖြစ်ပါတယ်။ Comment ကိုဖတ်ဖို့ဆိုရင် အရင်လိုအောက်ဖက်ကို Scroll စရာမလိုတော့ပဲ Video ဘေးဖက််မှာ Comment Box ကိုသပ်သပ်မြင်ရမှာဖြစ်ပြီး Comment Box အောက်မှာတော့ Suggest Videos တွေကိုမြင်ရမှာဖြစ်ပါတယ်။

YouTube အနေနဲ့ အကြီးစားပြင်ဆင်မှုတွေနဲ့ UI ပြောင်းလဲမှုတွေကို ဒီနှစ်ထဲမှာပြုလုပ်သွားဖို့ရှိပြီး Features အသစ်တွေကို United States မှာအသုံးပြုနေတဲ့သူတွေအရင်အသုံးပြုသွားနိုင််မှာဖြစ်ပါတယ်။ ကျန်တဲ့ ကမ္ဘာတစ်ဝှမ်းကတော့ အနည်းငယ်နောက်ကျနိုင်တယ်လို့ဆိုပါတယ်။

Ref : 9to5Google

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

နောက်ဆုံးပေါ် CPU တွေနဲ့ Microsoft Surface Laptop 5

Next
Next

အိန္ဒိယမှာ 5G ဖုန်းရောင်းချသွားမယ့် POCO