Oxygen Os 13 ပြန်ထုတ်ဖို့ Fans တွေနဲ့တွေ့ဆုံပွဲ OnePlus ပြုလုပ်

OnePlus အနေနဲ့ Oxygen Os 13 အတွက် Open Ears Forums ပြုလုပ်မယ်လို့ကြေငြာထားပါတယ်။ Open Ears Forums ဆိုတာ Fans တွေ, OnePlus Community Mods လူနည်းစုပါဝင်တဲ့ အဖွဲ့နဲ့ သုံးစွဲသူတွေ ဘာလိုချင်လဲဆိုတာ ဆွေးနွေးကြတဲ့ ပွဲတစ်ခုပါ။ ပွဲတစ်ခုမှာ လူ ၃၀ လောက်တော့ပါဝင်လေ့ရှိပါတယ်။ အရင်တုန်းက Camera နဲ့ပတ်သတ်ပြီးလည်း Event တွေလုပ်ခဲ့ဖူးပါတယ်။ ခုလာမယ့် Forum ကို February 28, 2022 မှာ ၂နာရီခန့်ကြာ Online meeting ပြုလုပ်သွားမယ်လို့ သိရပါတယ်။ လူ၁၅ယောက် ဖိတ်ကြားထားတယ်လို့လည်း သိရပါတယ်။

မနှစ်တုန်းက OnePlus အနေနဲ့ Oxygen Os ကိုပစ်ပြီး Oppo ရဲ့ Color Os ကိုပြောင်းသုံးတော့မယ့်အကြောင်းကြေငြာခဲ့ပါတယ်။ ဒီလိုပြောင်းတာဟာ ရိုးရိုး Android ကနေပြောင်းရုံတင်မဟုတ်ပါဘူး။ Color Osကို Oxygen Os ရဲ့ Features တွေကိို ပေါင်းထည့်ပြီး Unified Os တစ်ခုပြုလုပ်ဖို့ စီစဥ်ထားခဲ့တာဖြစ်ပါတယ်။ ဒီ Os အသစ်ကို 2022 မှာထုတ်ပေးဖို့စီစဥ်ခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။ OnePlus Hardcore Fans တွေလည်း တော်တော်စိတ်ပျက်သွားကြပါတယ်။

လောလောဆယ်မှာတော့ OnePlus အနေနဲ့ Oxygen Os 13 ထွက်လာမယ်လို့ ပြန်ကြေငြာလိုက််ပါတယ်။ Company Forum Post တစ်ခုမှာ OnePlus အနေနဲ့ အသုံးပြုသူတစ်ချို့ကို Open Ears Forum တစ်ခုတက်ဖို့ ဖိတ်ကြားနေတာဖြစ်ပါတယ်။ Oxygen Os 13 ဖန်တီးရာမှာ အသုံးပြုသူတွေရဲ့ အကြံပြုချက်တွေနဲ့ လိုအပ်ချက်တွေကို တိုက်ရိုက်ဖြည့်စည်းပေးချင်လို့ဖြစ်ပါတယ်လို့လည်း ပြောပါတယ်။

Color Os အသစ် နဲ့အတူ Android Os 13 Update ပေးဖို့ Oneplus အနေနဲ့စီစဥ်ထားပေမယ့် ဒီအကြံကို ဖျက်ပြီး Oxygen Os 13 ကိုပြန်လှည့်ဖို့ကြံထားတယ် တူပါတယ််။ OnePlus အနေနဲ့ Color Os မပြောင်းခင် Pure Android ကနေ UI အကြီးအကျယ်ပြောင်းခဲ့တဲ့ Oxygen Os 10 တုန်းကလည်းအကြီးအကျယ် ဝေဖန်ခံရပြီး အသုံးပြုသူတစ်ချို့ စွန့်ခွာတာကို ခံခဲ့ရပါသေးတယ်။ ခုလည်း ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ရပါမယ်။

OnePlus အနေနဲ့ Flagship Killer ကနေ ကိုယ်တိုင် Flagship ဖုန်းတွေထုတ်လာတာမျိုး၊ Camera တွေအရင်ကလိုမကောင်းတော့တာမျိုး၊ Bugs တွေပေါလာမျိုးတွေ 2019 နောက်ပိုင်းမှာဖြစ်လာတုန်းက Fans တွေကြားမှာ အတော်ဝေဖန်ခံလိုက်ရပါသေးတယ်။ ခုနောက်ပိုင်း Os အပြောင်းအလဲမှာလည်း အတော်များများ ဝေဖန်တာကို ခံလိုက်ရပါသေးတယ်။ ခုချိန်မှာ Flagship ပိုင်းကို Budget ဖုန်းတွေနဲ့ ပြန်ဝင်ဖို့လုပ်နေပြီး Oxygen Os 13 ကိုလည်း ပြန်လုပ်ဖို့ စီစဥ်တဲ့အတွက် အရင်လို OnePlus ပြန်လာမလား စောင့်ကြည့်ရပါမယ်။

Ref: notebookcheck

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

realme က ၄င်းတို့၏ ပရီမီယံအကျဆုံး Flagship ထုတ်ကုန်ဖြစ်သည့် realme GT 2 Series ကို MWC 2022 ပြပွဲတွင် ဖေဖော်ဝါရီလ ၂၈ရက်၌မိတ်ဆက်ပေးသွားမည်

Next
Next

နောက်ဆုံးပေါ် CPU တွေနဲ့ Microsoft Surface Laptop 5