Microsoft PowerPoint Co-creator Dennis Austin ကွယ်လွန်

Microsoft PowerPoint တီထွင်သူ Dennis Austin ဟာ အသက် ၇၆ မှာ အဆုတ်ကင်ဆာနဲ့ ကွယ်လွန်သွားခဲ့ပါပြီ။ တစ်ကမ္ဘာလုံးက ရုံးသမားတွေ၊ ကျောင်းသမားတွေ အနေနဲ့ PowerPoint ဆိုတာ မသုံးဖူးသူ ရှိမယ်မထင်ပါဘူး။

Dennis အနေနဲ့ MIT လိုနာမည်ကြီးကျောင်းမှာ Engineering ကိုသင်ယူခဲ့ဖူးပြီး တစ်ခြားနာမည်ကြီး တက္ကသိုလ်တွေမှာလည်း Engineering ကိုလေ့လာခဲ့ဖူးပါတယ်။ သူ့အနေနဲ့ PowerPoint ရဲ့ အဓိက Design Idea တွေကို ၁၉၈၅ ကနေ ၁၉၉၆ ထိ ၁၁ ကျော်၊ Developer ဘဝကနေ သူအနားမယူခင်ထိ တီထွင်နေခဲ့တာပါ။

PowerPoint ဟာ Microsoft Office Suite ရဲ့အဓိက Software တစ်ခုဖြစ်နေဆဲဖြစ်ပြီး ခုဆိုရင် AI နဲ့ PowerPoint Copilot တွေပါပါဝင်နေပြီဖြစ်ပါတယ်။

Ref : The Verge

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

iPhone 12 တွေရဲ့ ပြင်သစ် Radiation ဂယက်

Next
Next

ကိုယ်တိုင်ဖြုတ် တပ်ပြင်နိုင်မယ့်အပြင် ၁၀ နှစ်ထိ Software Support ပေးမယ့် Fair Phone