iPhone 12 တွေရဲ့ ပြင်သစ် Radiation ဂယက်

ပြင်သစ်မှာအသုံးပြုနေကြတဲ့ iPhone 12 တွေမှာ French National Frequency Agency (ANFR) ကခွင့်ပြုထားတဲ့ Radiation Level 4 watts per kilogram ကိုကျော်လွန်ပြီး 5.74 ရှိနေလို့ အစိုးရက iPhone 12 ရောင်းချခွင့်တွေကို ရပ်နားထားခိုင်းပါတယ်။

Apple ဖက်ကဒီအဆိုကိုငြင်းဆိုထားသလို သူတို့မှာ နိုင်ငံတစ်ကာက စစ်ဆေးရေး အဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်တွေ၊ တစ်ခြား Third-party result တွေကိုလည်းတင်ပြီးဖြစ်တယ်လို့ ပြန်လည်ချေပထားပါတယ်။ ဒါ့အပြင်လာမယ့် အပတ်တွေအတွင်း Radiation Level ကိုပြန်ညှိပေးမယ့် Patch Update တစ်ခုကို ပြင်သစ်နိုင်ငံအတွင်းမှာရှိတဲ့ iPhone 12 တွေသီးသန့်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလို Update ပေးပြီးရင်တော့ iPhone 12 ရောင်းချခွင့်ပေးမယ်၊မပေးဘူးဆိုတာကို ပြင်သစ်အစိုးရကဆက်လက် စစ်ဆေးစောင့်ကြည့်ပြီးမှ ထုတ်ပြန်သွားမယ်လို့ ကြေငြာထားပါတယ်။ WHO ထုတ်ပြန်ချက်တစ်ခုမှာတော့ ခုလို Radiation ကြောင့် သိသာတဲ့ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။

Ref : BBC Tech

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Google Service တိုင်းမှာ Co-pilot အနေနဲ့ပါလာပြီဖြစ်တဲ့ Bard

Next
Next

Microsoft PowerPoint Co-creator Dennis Austin ကွယ်လွန်