ကိုယ်တိုင်ဖြုတ် တပ်ပြင်နိုင်မယ့်အပြင် ၁၀ နှစ်ထိ Software Support ပေးမယ့် Fair Phone

အရင်တုန်းကဖုန်းတွေကို Battery လဲမယ်ဆိုရင် နောက်ကျောဖုန်းကိုလှပ်၊ Battery ကိုဖြုတ်၊ အသစ်ဝယ်လာတဲ့ Battery ကိုတပ် ရှင်းရှင်းလေးပါ။ နောက်ပိုင်းတော့ IP Rating ရော ဖုန်းတွေရဲ့ ဈေးကွက်အရပါ Service ဆိုင်မသွားရင် ဘာမှလုပ်မရတဲ့ ခေတ်ကိုရောက်သွားပါတယ်။

ဒါပေမယ့် Dutch ကုမ္ပဏီတစ်ခုက ထုတ်ထားတဲ့ Fair Phone မှာတော့ ခုလိုမဟုတ်ပဲ၊ ကိုယ်တိုင် အိမ်မှာတင် Screw တစ်ချောင်းရှိယုံနဲ့ အကုန်လုပ်လို့ရပြီး အပိုပစ္စည်းကိုလည်း ကုမ္ပဏီကကိုယ်တိုင် ဈေးချိုချိုနဲ့ရောင်းပေးမှာဖြစ်ပါတယ်။

ဒါ့အပြင် ဒီ Fair Phone မှာ Software Support ကို ၈ နှစ်ထိ(၁၀နှစ်လည်း Optional) ပေးသွားမယ်လို့ သိရပါတယ်။ ဒါဟာ Security Patch တွေ၊ Error တွေကိို ၈ နှစ်ကြာတဲ့အထိ Software Update ရနေဦးမှာဖြစ်သလို၊ OS update ကိုလည်း ၅ နှစ်ထိပေးမှာဖြစ်ပါတယ်။ ဒါဟာ အမှန်တစ်ကယ်ဖြစ်လာရင် Apple နဲ့ယှဥ်နိုင်တဲ့ Software Support တစ်ခုဖြစ်လာမှာပါ။

Fair Phone အကြောင်းကိုပြောရရင် ဒီဖုန်းက ပတ်ဝန်းကျင်ကို ကာဘွန်တွေလျော့ချဖို့အတွက် ဖုန််းမှာသုံးထားတဲ့ Material တွေအကုန်လုံးဟာ 100% Recycle လုပ်နိုင်သလို၊ Recycle လုပ်ထားတဲ့ပစ္စည်းတွေကနေပဲ ဒီဖုန်းကို ထုတ်လုပ်ထားတာဖြစ်ပါတယ်။ နောက်တစ်ခုက ဖုန်းနဲ့ သိပ်ပြီးရင်းနှီးကျွမ်းဝင်မှုမရှိတဲ့ လူတွေကိုယ်တိုင် ဖုန်းကိုအိမ်မှာတင် ပြင်နိုင်မယ့် Module Base ဖုန်းဖြစ်ပါတယ်။ Module Base ဆိုတာက မှန်ပျက်သွားရင် မှန်ဖြုတ်ပြင်၊ Speaker ဖြုတ်ပြီး အလုံးလိုက်ပြင်တဲ့ နည်းဖြစ်ပါတယ်။

EU မှာတော့ ဒီဖုန်းကို Pre Order နဲ့စတင်ရောင်းချနေပြီဖြစ်ပြီး တစ်ခြား Region တွေမှာတော့ ဘယ်လိုရောင်းချသွားမလဲဆိုတာ မသိသေးပါဘူး။

Ref : GSMArena

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Microsoft PowerPoint Co-creator Dennis Austin ကွယ်လွန်

Next
Next

GoPro Hero 12 Black မိတ်ဆက်