Microsoft မှ ChatGPT အတွက် ဒေါ်လာ ၁၀ ဘီလျံ ရင်းနှီးသွားရန် ပြင်ဆင်နေ

ChatGPT လို့ဆိုလိုက်တာနဲ့ ခုတစ်လော Hit ဖြစ်ပြီး Internet ပေါ်မှာလည်း မသိတဲ့သူ အတော်လေးရှားပါလိမ့်မယ်။ AI ကိုအသုံးပြုထားတဲ့ ဒီ ChatGPT ကို ဒေါ်လာ ၃၀ ဘီလျံတန်ကြေးရှိတဲ့ OpenAI ဆိုတဲ့ အဖွဲ့အစည်းက ပိုင်ဆိုင်ပါတယ်။

လောလောဆယ်မှာတော့ Microsoft ဖက်မှတရားဝင်ထုတ်ပြန်ချက်မလုပ်သေးပေမယ့် OpenAI ဖက်ကတော့ စာရွက်စာတမ်းတွေပြင်ဆင်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။ 2022 Nov မှာစတင်ပြီး ChatGPT ကိုလူတိုင်းအသုံးပြုနိုင်အောင် Public ပြုလုပ်ပေးထားခဲ့ပြီး အခမဲ့အသုံးပြုနိုင်ပါတယ်။ လောလောဆယ်ထိတော့ အခမဲ့အသုံးပြုနိုင်တုန်းပါပဲ။

2019 တုန်းကလည်း Microsoft အနေနဲ့ OpenAI မှာ ဒေါ်လာ ၁ ဘီလျံ မြှပ်နှံခဲ့ပါသေးတယ်။ ခုတစ်ခါ ရင်းနှီးမြှပ််နှံမှုလုပ်လိုက်ပြီးရင် Microsoft ဟာ 49%, ကျန်တဲ့ Investor တွေက 49% နဲ့ ကျန်တဲ့ 2% က Non-Profit Parenting တွေက ရရှိမှာပဲဖြစ်ပါတယ်။

Microsoft အနေနဲ့ သူရဲ့ Bing Engine ကို AI နဲ့ ChatGPT ကိုအခြေခံပြီး အသစ်ထုတ်ဖို့ ကြံနေတယ်လို့လည်း သတင်းတွေထွက်လာတာမို့ Microsoft Edge ကြီးကို ရှယ်ပလန်နဲ့ မြင်ရတော့မလားဆိုတာ စောင့်ကြည့်ရပါမယ်။

Ref : Reuters

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ChatGPT ZERO ကြောင့် အကြီးအကျယ်ပေါက်ကွဲနေကြတဲ့ ကျောင်းသားတွေ

Next
Next

အသက်ပြည့်၊မပြည့်စစ်ဆေးတော့မယ့် Porn Website တွေ