ChatGPT ZERO ကြောင့် အကြီးအကျယ်ပေါက်ကွဲနေကြတဲ့ ကျောင်းသားတွေ

ChatGPT လို့ပြောရင်အကုန်သိကြမှာပါ။ ဒါဆိုရင် ChatGPT ZERO ဆိုတာကိုရောသိလားလို့ ပြန်မေးရပါမယ်။ ChatGPT Zero ဆိုတာက စာပိုဒ်တွေဟာ ChatGPT အသုံးပြုပြီး ရေးထားလားဆိုတာကို စစ်ပေးနိုင်တဲဲ့ App တစ်ခုဖြစ်ပါတယ်။ ဒီ App ကို အသက် ၂၂ အရွယ် Computer Science ကျောင်းသားတစ်ယောက်က Assignment တစ်ခုအဖြစ် တီထွင်ထားတာပါ။ လောလောဆယ်မှာတော့ အင်တာနေရှင်နယ်မှာ အကြီးအကျယ် ပွဲဖြစ်ပြီး ဆဲနေကြပါပြီ :3

ChatGPT က Generate လုပ်ထားတဲ့ စာတွေဟာ Data တွေနဲ့ Train ထားတာဖြစ်လို့ သူ့မှာ Pattern တွေရှိပါတယ်။ ChatGPT ZERO က ဒီ Pattern တွေကို Perplexity နဲ့ Burstiness ဆိုတဲ့ စကေး ၂ ခုနဲ့တိုင်းပါတယ်။ Perplexity ဆိုတာက စာသားတွေရဲ့ စကားကြွယ်ဝမှုနဲ့ Sentence တည်ဆောက်မှုကို တိုင်းတာတဲ့ ယူနစ်ပါ။ ChatGPT ဟာ Rules တွေ၊ Data တွေကို အသုံးပြုပြီး Train ထားလို့ လုံးဝ စာသားကြွယ်ဝမှု၊ စကားလုံးလှပမှုတွေနည်းတာပါတယ်။ ဒါကို ChatGPT Zero က Detact လုပ်နိုင်ပါတယ်။

နောက်တစ်ခုက Burstiness ဆိုတဲ့စကေးပါ။ လူတွေစာရေးရင် စာကြောင်းတွေရဲ့ အရှည်တွေဟာ မတူညီပါဘူး။ စာကြောင်းအတိုတွေ၊ အရှည်တွေကို အတူယှဥ်တွဲသုံးပြီးရေးလေ့ရှိပါတယ်။ ဒါပေမယ့် AI generate စာတွေမှာတော့ Uniform ဖြစ်၊ စာကြောင့်အတိုအရှည်တွေက မတိမ်းမယိမ်းတွေဖြစ်နေလေ့ရှိပါတယ်။

ကဲ...Assignment တွေမှာ A+ ရဖို့အတွက် AI သုံးမယ်ဆိုတဲ့သူတွေ ဘာလုပ်ကြမလဲ...


Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Galaxy Fold ဆက်လက်အသုံးပြုနေဆဲ Bill Gates

Next
Next

Microsoft မှ ChatGPT အတွက် ဒေါ်လာ ၁၀ ဘီလျံ ရင်းနှီးသွားရန် ပြင်ဆင်နေ