အသက်ပြည့်၊မပြည့်စစ်ဆေးတော့မယ့် Porn Website တွေ

Porn ကြည့်တယ်ဆိုတာ အသက်ပြည့်ပြီးသူတွေသာ လုပ်လို့ရတဲ့ ကိစ္စတစ်ခုအဖြစ် အနောက်နိုင်ငံတွေမှာ သတ်မှတ်ထားပါတယ်။ အသက်မပြည့်သေးတဲ့သူတွေဟာ အရက်သောက်ခွင့်၊ ဆေးလိပ်သောက်ခွင့်၊ ကလပ်ဝင်ခွင့်၊ Porn ကြည့်ခွင့်တွေကို ကန့်သတ်ထားပါတယ်။ ဒါပေမယ့် Online မှာတော့ လူတစ်ယောက်ရဲ့ အသက်ကို အတည်ပြုဖို့ရာက ပုံမှန်ထက်ပိုခက်ခဲပါတယ်။

UK မှာတော့ LA Wallet လို့ခေါ်တဲ့ App တစ်ခုမှာ ကိုယ်ရဲ့ Drivig Licence သို့ National ID ကိုသုံးပြီး အသက်ကို Confirm လုပ်ခိုင်းပြီး Online မှာ အသက်ကို အတည်ပြုရမယ့်ကိစ္စတွေမျာ အသုံးပြုနေပြီလို့ဆိုပါတယ်။

အမေရိကန်မှာလည်း တစ်ချို့ပြည်နယ်တွေမှာ Porn Website ကိုဝင်လိုက်တာနဲ့ အသက်ကိုအတည်ပြုမယ့် လုပ်ဆောင်ချက်တွေကို စတင်နေပြီဖြစ်ပြီး၊ နောက်ပိုင်းမှာ ပိုမိုတင်းကျပ်သွားမယ်လို့ ဆိုပါတယ်။ တစ်ချို့ Online အသုံးပြုသူတွေကတော့ ဒါဟာ Internet Freedom ကိုကန့်သတ်တာ ဖြစ်လို့ မဖြစ်သင့်ဘူးလို့ ဆိုနေကြသူတွေလည်း ရှိပါတယ်။ အမေရိကန်အနေနဲ့ နောက်ပိုင်းမှာ အမေရိကားအခြေစိုက် Porn Company တွေကို တစ်ကမ္ဘာ့လုံးအတွက် အသက်ကန့်သတ်ချက်ပြုလုပ်ဖို့လည်း ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

Ref : CNN

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Microsoft မှ ChatGPT အတွက် ဒေါ်လာ ၁၀ ဘီလျံ ရင်းနှီးသွားရန် ပြင်ဆင်နေ

Next
Next

ဆက်မထုတ်ဖြစ်တာသေချာသွားပြီဖြစ်တဲ့ iPhone SE series