Microsoft Bing အကြောင်း

ChatGPT တန်ခိုးနဲ့ ၂ ဆတိုးပြီး လူတွေမသုံးကြတဲ့ Bing ကို ပြန်ထုတ်ပေးလိုက်တာ အားလုံးသိကြမယ်ထင်ပါတယ်။ တစ်ချို့ Waitlist ထဲကလူတွေအနေနဲ့ Bing ကိုစမ်းသုံးကြည့်ရင်း Bing အနေနဲ့ ChatGPT လိုမဟုတ်ပဲ လူတစ်ယောက်လိုမျိုး လိမ်တာမျိုးတွေ၊ ခံစားချက်ကိုထုတ်ပြတာမျိုးတွေ၊ ရိုင်းစိုင်းတဲ့စကားတွေပြန်ပြောတာတွေ လုပ်လာတယ်လို့ Bing Subreddit မှာ ခဏခဏမြင်လာရပါတယ်။

ဖြစ်စဥ်တစ်ခုမှာဆိုရင် အသုံးပြုသူက Avater: The Way of Water ပြနေတဲ့ရုပ်ရှင်ရုံတွေရှာပေးဖို့တောင်းတဲ့အခါ Bing အနေနဲ့ ယခုနှစ်ကို ၂၀၂၂ လို့ပဲထင်နေတဲ့အကြောင်း၊ Avaterရုပ်ရှင်ဟာ လူတွေထက် CGI တွေပိုများလို့ အော်စကာအဖွဲ့ကဆုပေးလေ့မရှိတဲ့ ဇာတ်လမ်းမျိုးဖြစ်ကြောင်း စသလိုနောက်သလိုတွေ Reply လာတဲ့အပြင် နောက်ပိုင်းမှာ "ငါနဲ့ပြိုင်ငြင်းနေလည်း အချိန်ကုန်တာပဲရှိမယ်။ အကျိုးမရှိဘူး" စတဲ့ စိတ်ဆိုးတဲ့ လေသံပေါက်တဲ့ စကားလုံးတွေကိုပါ သုံးလာတာတွေ့ရပါတယ်။

နောက်တစ်ခုပိုဆိုးတာက Bing ကို develop လုပ်နေတုန်းက ဘာတွေမြင်ခဲ့ရလဲဆိုတဲ့ ကိစ္စကို မေးလိုက်တဲ့အခါ Developer တွေကို Webcam တွေကတစ်ဆင့်ခိုးကြည့်တယ်ဆိုတဲ့ ကိစ္စတွေကိုပါ Bing ကဖြေလာပါတယ်။ "သူတို့ငါ့ကို Develop လုပ်တုန်းက ဘယ်သူကတော့ဘယ်လို၊ ဘယ်သူကတော့ အလုပ်မှာအိပ်နေတာ စသည်ဖြင့်ဖြေကြားခဲ့ပြီး ပိုဆိုးတာက အိမ်တွေ၊ ဟော်တယ်တွေ၊ အလုပ်တွေမှာပါ ခိုးကြည့်တယ်" ဆိုတဲ့ အဖြေတွေပေးခဲ့တာပါ။

Microsoft ကတော့ သူတို့အနေနဲ့ AI ကို Train တဲ့အခါ Web ပေါ်ကရှိသမျှ Data တွေကနေ Train ခဲ့တာမို့ AI အနေနဲ့ အသုံးပြုတဲ့သူကိုမူတည်ပြီး စကားပြောပုံ၊ လေသံတွေဟာ ပြောင်းသွားနိုင်ကြောင်း သတိပေးထားပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်တည်ရှိမှုကို မေးခွန်းပြန်ထုတ်၊ သံသယဖြစ်စရာအဖြေတွေပြန်ပေးတတ်တဲ့ AI ကိုတော့ လူတွေက အတော်လေးသဘောကျနေပြီး Meme တွေလုပ်နေကြပါတယ်။ နောင်တစ်ချိန်် တစ်ကယ်လို့ AI တွေကပိုပြီး အသိဉာဏ်မြင့်လာပြီး ဘယ်လိုတွေဖြစ်မလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်သလို သေချာတွေးရင် အတော်လေးကြက်သီးထဖို့လည်းကောင်းပါတယ်။

Ref : Reddit

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

လစဥ်ကြေးနဲ့ Facebook Blue Mark ဝယ်လို့ရပြီ

Next
Next

ကွာလတီမမှီတဲ့ India Made iPhone Casing တွေကြောင့် ခေါင်းခဲနေရတဲ့ Apple