ကွာလတီမမှီတဲ့ India Made iPhone Casing တွေကြောင့် ခေါင်းခဲနေရတဲ့ Apple

Apple အနေနဲ့ တရုတ်အပေါ်မှာ မှီခိုမှုနည်းအောင် ကြိုးစားဖို့အတွက် အိန္ဒိယနိုင်ငံမှာ စက်ရုံတွေကို ပြောင်းလဲတည်ဆောင်ဖို့ကြိုးစားနေခဲ့တာ သတင်းတွေထဲမှာ မြင်ခဲ့ရမှာပါ။ ဒါပေမယ့် Apple ထင်သလိုဖြစ်မလာပါဘူး။ လောလောဆယ်မှာတော့ အိန္ဒိယကထွက်တဲ့ Apple Casing တွေရဲ့ ၅၀ရာခိုင်နှုန်းဟာ အရည်အသွေးပြည့်မှီခြင််းမရှိတဲ့ ပြဿနာကြုံနေရပါတယ်။

ထွက်ပေါ်လာတဲ့ Report တွေအရတော့ Tata ကုမ္ပဏီကတာဝန်ယူလျက်ရှိတဲ့ အိန္ဒိယနိုင်ငံ Apple Product တွေထဲက Casing တွေဟာ Apple ရဲ့ Quality Control Test တွေကို ကျဆုံးနေပါတယ်။ အဆိုပါ သီတင်းကို Apple ဝန်ထမ်းတစ်ယောက်ကိုယ်တိုင် လည်း အတည်ပြုထားပါတယ်။

နိုင်ငံအရေးအခြေအနေတွေကြောင့် တရုတ်နိုင်ငံအပေါ်မှီခိုမှု နည်းစေဖို့နဲ့ အိန္ဒိယနိုင်ငံအတွင််း ကုန်ထုတ်လုပ်မှုကို ၂၀၂၅ အကုန်မှာ ၅၀ ရာခိုင်နှုန်းထိ တိုးမြှင့်ဖို့ရည်ရွယ်ထားတဲ့ Apple အတွက်တော့ ခုလိုဖြစ်ရပ်ဟာ အတော်လေး ကသိကအောက်နိုင်မှာပါ။ ကျွမ်းကျင်သူအချို့ကတော့ ဒီပြဿနာဟာ ဖြေရှင်းလို့ရတဲ့ ပြဿနာဆိုပေမယ့် အချိန်နဲ့ ငွေကြေးကုန်ကျမှုတွေတော့ ရှိလာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

Ref : GSMArena

#AkhayarTech


Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Microsoft Bing အကြောင်း

Next
Next

ဘယ် Messaging App ကအလုံခြုံဆုံးလဲ