သုံးစွဲသူတွေတည်နေရာကို တိုက််ရိိုက်ပြတော့မယ့် Weibo

တရုတ် Twitter လို့လူသိများတဲ့ လူမှုဆိုရှယ်မီဒီယာမှာ အသုံးပြုသူတွေအနေနဲ့ အင်တာနက််ပေါ် ကိုယ်လုပ်သမျှကို တာဝန်ယူရတော့မယ့် ပုံပါပဲ။ အကောင့်တွေမှာ comment ပေးရင် comment ဘေးမှာ IP address တွေကိုတွဲဖော်ပြပေးတော့မှာဖြစ်လို့ လိုင်းပေါ်မှာ မဟုတ်တာတစ်ခုခု ပြောဆိုခဲ့ရင် တည်နေရာတွဲရက်မြင်ရနိုင်လို့ အန္တရာယ်တော့များပါတယ်။

ဒီလိုအပြောင်းအလဲကို ထုတ်ပြန်ပြီးမကြာခင်မှာပဲ ဝေဖန်မှုတွေနဲ့အတူ Weibo သုံးတာ လျော့တော့မယ်လို့ အများစုကဆိုပါတယ်။ IP Address တွေနဲ့အတူ မြင်နေရတာ အရမ်းအန္တရာယ်များတယ်လို့ မသမာသူတွေတွေ့ရင် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ တစ်ချို့ကတော့ Covid သတင်းတုတွေ ထုတ်တဲ့လူတွေအတွက်တော့ ပြဿနာဖြစ်သွားနိုင်တာမို့ တစ်ချို့ကလည်း ဒီကိစ္စကို ထောက်ခံနေကြပါတယ်။

Weibo ကိုသုံးစွဲသူ လစဥ် သန်း ၅၇၀ ကျော်ရှိပြီး တရုတ်ပြည်ရဲ့ လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်သလို ကမ္ဘာတစ်ဝှမ်းကလူတွေ တရုတ်နဲ့ပတ်သတ်တဲ့ သတင်းတွေ၊ နည်းပညာသတင်းတွေကို စောင့်ဖတ်ရတဲ့နေရာဖြစ်ပါတယ်။ လာမယ့် ကြာသပတေးကစလို့ အသုံးပြုသူတွေရဲ့ IP တွေကို ဖော်ပြသွားမှာဖြစ်ပြီး ဒီလုပ််ဆောင်ချက်ကို ပိတ်လို့မရဘူးလို့ ဆိုပါတယ််။

Weibo အနေနဲ့ ဒီလုပ်ဆောင်ချက်ကို ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက ယူကရိန်းစစ်ပွဲသတင်းတုတွေ ဖြန့်ချီတဲ့သူတွေကို ထောက်လှမ်းဖို့အတွက် စမ်းသပ်နေတာဖြစ််တယ်လို့ထုတ်ပြန််ထားပါတယ်။ တရုတ်အစိုးရအလိုကျ ဆောင်ရွက်ရတဲ့ Weibo မှာ ယူကရိန်းဖက််က ထောက်ခံရေးသားတဲ့ အကောင့်တစ်ချို့ကိုလည််း ပိတ်တာမျိုးတွေ လုပ်ဆောင်ခဲ့တာမျိုးတွေရှိပါတယ်။

Ref : CNN

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

ဒီဇိုင်းလှလှ အထာကျကျ realme C35 စမတ်ဖုန်းသစ်ကို တရားဝင်မိတ်ဆက်ပေးလိုက်ပြီrealme C35 ကို 4+64 (GB) နှင့် 4+128 (GB) ဆိုပြီး version ၂မျိုးရွေးချယ်ဝယ်ယူနိုင်မည်

Next
Next

MicroLED ကုမ္ပဏီတစ်ခုကို ဝယ်ယူလိုက်တဲ့ Google