LCD ထုတ်လုပ်ရေးကို သတ်မှတ်ရက်စွဲထက် ၆ လစောပြီး ရပ်နားသွားမယ့် Samsung
Samsung အနေနဲ့ သူတို့ရဲ့ LCD ထုတ်လုပ်မှုကို June လပိုင်းကုန်မှာ လုံးဝရပ်နားလိုက်မှာဖြစ်ပါတယ်။ တစ်ကယ်တော့ 2022 နှစ်ကုန်မှာ ရပ်နားထားမယ်လို့ စီစဥ်ထားပေမယ့် သတ်မှတ်ရက်ထက် ၆ လ စောပြီးနားလိုက်တာဖြစ်ပါတယ်။ စက်ရုံပိုင်းက ပြောရေးဆိုခွင့်ရှိိသူတွေကတော့ LCD ထုတ်လုပ်မှုပြိုင်ပွဲမှာ Samsung နှုတ်ဆက်သွားပြီလို့ ဆိုပါတယ်။
Samsung Display အနေနဲ့ နောက်ပိုင်းမှာ OLED နဲ့ QD(Quantum-Dot) နည်းပညာဖက်ကို အားစိုက်သွားမှာဖြစ်ပြီး LCD ထုတ်လုပ်ရေးဖက်က အလုပ်သမားတွေကို QD ထုတ်လုပ်ရေးဖက်ကို ပြောင်းလဲသွားမယ်လို့ ဆိုပါတယ်။
Display Supply Chain Consultants တွေအနေနဲ့ LCD ဈေးကွက်တန်ဖိုးဟာ LCD တွေ အတိုးတက်ဆုံးဖြစ်တဲ့ 2014 ခုနှစ်နဲ့စာရင် 36.6%. ခန့်ပဲရှိပါတော့တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံက BOE နဲ့ ထိုင်ဝမ်က AU Optronics လိုမျိုး ဈေးချိုတဲ့ ကုမ္ပဏီတွေ ဈေးကွက်ထဲရောက်လာတဲ့အခါတော့ Samsung ထွက်ပေးလိုက်ပုံရပါတယ်။
LCD ထုတ်လုပ်ရေးကို Samsung အနေနဲ့ 2020 မှာရပ်ဖို့စီစဥ်ထားခဲ့ပေးမယ့် COVID-19 ကြောင့် ဈေးချိုတဲ့ Devices တွေထုတ်လုပ်ရေးလိုအပ်ချက်တွေရှိခဲ့တာမို့ ပိတ်ချဖို့အစီအစဥ်ကို ရွှေ့ဆိုင်းခဲ့တာပါ။ Samsung အနေနဲ့ iPhone 14 ထုတ်လုပ်ရေးအတွက် Apple နဲ့စာချုပ်ကိစ္စရှိမလိုလိုနဲ့ သတင်းထွက်ခဲ့ပေမယ့် iPhone 14 မှာ LCD မဟုတ်တော့တဲ့အတွက် စောစောစီးစီးပိတ်ချသွားတာလည်း ဖြစ်နိုင်ပါတယ်။အသေးစိတ်အချက်အလက်ကိုတော့ Samsung ဖက်ကထုတ်ပြန်ခြင်းမရှိသေးပေမယ့် Q2 ပွဲမှာတော့ စာရွက်စာတမ်းအသေးစိတ်အပြင် Reports တွေကိုပါ ချပြသွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
Ref : GSMArena