Telegram Premium ကို တစ်လ $4.99 နဲ့သုံးစွဲနိုင်ပြီဖြစ်ပါတယ်။ Premium သုံးချင်သူတွေ App Version 8.8 နဲ့ အထက်ရှိဖို့လိုပါတယ်။​ Telegram Premium ကိုဝယ်သုံးလိုက်ခြင်းဟာ Free Telegram ကို Support ပေးခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

Telegram Premium Feature မှာ


No Ads- တစ်ချို့နိုင်ငံတွေမှာ Telegram အနေနဲ့ Channel တွေထဲမှာ ကြော်ငြာတွေ ပြသသွားမှာဖြစ်ပေမယ့် Premium သမားတွေကတော့ ကြော်ငြာတွေ မြင်ရမှာမဟုတ်ပါဘူး။
Larger File Upload - Telegram Premium နဲ့ဆိုရင် File Size 4GB ပမာဏကို တိုက်ရိုက်ပို့နိုင်မှာဖြစ်ပါတယ်။ Free User တွေအနေနဲ့ 4GB ပမာဏကို မပို့နိုင်ပေမယ့် Premium သမားတွေ ပို့ပေးတဲ့ File Size တွေကိုတော့ Download လုပ်နိုင်မှာဖြစ်ပါတယ်။

Faster Downloads - Premium သမားတွေအနေနဲ့ Telegram ကနေ Download ဆွဲတဲ့အခါ ပိုမြန်လာပါလိမ့်မယ်။ ကိုယ့်ရဲ့ Network ကမြန်ရင်မြန်သလောက် Support ပေးမယ်လို့ ဆိုပါတယ်။

Increased Limits - Premium နဲ့ဆို Channel ပေါင်း ၁၀၀၀ ကို Follow လုပ်နိုင်ပြီး Chat 200 ပါဝင်တဲ့ Chat Folder ပေါင်း ၂၀ လည်းအသုံးပြုနိုင်ဦးမှာပါ။ ဒါ့အပြင် Chat 10 ခုကိုလည်း Pin ထားနိုင်ဦးမှာပါ။ ဒါ့အပြင် တစ်ခြား Chat နဲ့ဆိုင်တဲ့ Feature တွေလည်းအများကြီး အသုံးပြုနိုင်ဦးမှာပါ။

Voice to Text - Voice Message တွေကို Text အဖြစ် ပြောင်းနိုင်ပါမယ်

Unique Stickers & reaction - သူများတွေနဲ့ မတူတဲ့ Stickers တွေ Reaction တွေအများကြီး ကိုလည်း အသုံးပြုနိုင်ဦးမှာပါ

Animated Profile Picture
- Normal အသုံးပြုသူတွေအနေနဲ့ ရုပ်သေဓာတ်ပုံကိုပဲ Profle ထားလို့ ရပေမယ့် Premium မှာတော့ Animated Profile ထားလို့ရမှာပါ။

Premium Badge & icons - ကိုယ်က ဝယ်သုံးထားရင် ဝယ်သုံးထားမှန်းသိအောင် ကိုယ်ရဲ့ Chat Name ဘေးမှာ Badge ရပါမယ်။ Telegram App Icon ကို Customize လုပ်လို့ရပါမယ်။

လောလောဆယ်မှာ ကမ္ဘာတစ်ဝှမ်း Telegram User သန်း ၇၀၀ ကျော်ရှိနေပြီးလို့ဆိုပါတယ်။ ဒါ့အပြင် App ကိုလူသိများအောင် Ads လုပ်စရာမလိုပဲ အသုံးပြုသူအချင်းချင်း ပြန်လည်မျှဝေရင်းကနေ နာမည်ကြီးလာတဲ့ App ဖြစ်လို့ ပိုပြီး ဂုဏ်ယူကြောင်း ပြောခဲ့ပါတယ်။

Ref : GSMArena

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Cloudflare Server Down သွားတာကြောင့် ကမ္ဘာ့အင်တာနက် ၃ပုံ၁ပုံခန့် ရပ်တန့်

Next
Next

Meta ရဲ့ VR World ထဲမှာ Designer အဝတ်တွေစတင်ရောင်းချ