Meta အနေနဲ့ သတင်းဌာန တွေကိုပိုက်ဆံပေးပြီး Facebook အတွက် သတင်းဝယ်ယူတာကို ရပ်ဆိုင်းသွားမည်

သတင်းတွေကြားရတဲ့အတိုင်း Facebook နဲ့ Instagram အနေနဲ့ AI အခြေခံတဲ့ Content တွေထုတ်သွားမယ်လို့ ကြေငြာပြီးနောက်ပိုင်း News Tab အတွက် နှစ်အတော်ကြာပြုလုပ်ထားတဲ့ သဘောတူညီချက်တွေကို ရပ်ဆိုင်းနေတာဖြစ်ပါတယ်။ Facebook နဲ့ Instagram အနေနဲ့ နာမည်ကြီး သတင်းဌာနတွေကို Facebook နဲ့ Instagram ပေါ်မှာ သတင်းတွေ တင်အောင် ပိုက်ဆံပေးပြီး ဝယ်ယူခဲ့တဲ့ သဘောတူညီချက်ကို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ ဒါကြောင့် သတင်းဌာနတွေကို အရင်လိုသတင်းတင်ဖို့ သဘောတူညီချက်တွေ မလုပ်တော့ပဲ Payment တွေရပ်ဆိုင်းလိုက်ပါတယ်။

Report တွေအရ Meta အနေနဲ့ ၃နှစ်အတွင်း ဒေါ်လာ ၁၀၅ သန်းကို သတင်းတွေတင်ဖို့နဲ့ နောက်ထပ် သန်း ၉၀ ကို သတင်းဗွီဒီယိုတွေတင်ဖို့ သုံးခဲ့တယ်လို့ သိရပါတယ်။ ဒီထဲကမှ Wall Street Journel ကို ၁၀ သန်း, New York Times ကို သန်း ၂၀, CNN ကို ၃ သန်း အသီးသီးပေးပြီး Paid သတင်းတွေကို Free တင်ပေးဖို့အတွက် ပိုက်ဆံပေးခဲ့သေးတယ်လို့ဆိုပါတယ်။ ခုလို သတင်းတွေကို ပိုက်ဆံပေးဝယ်တာဟာ သတင်းစစ်မှန်မှုကို ကျဆင်းစေပြီး သတင်းမှန်အစား ပိုက်ဆံနောက်ကိုလိုက်စေတဲ့ ဆိုးရွားမှုတွေကို ရှိလာစေတယ်လို့ Wall Street Journel ကဆိုထားပါတယ်။

Facebook ဖက်က အမည်မဖော်လိုသူ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ကတော့ " သတင်းဌာနတွေနဲ့ သဘောတူညီမှုယူပြီး သတင်းတွေကို ဝယ်ယူလိုက်ကတည်းက အပြောင်းအလဲတွေ ဖြစ်လာခဲ့ပါတယ်။ အမေရိကန်မှာက လူအများစုက သတင်းဖတ်ဖို့အတွက် Facebook ကိုအားမကိုးကြဘူးဗျ။ Official Website တွေ၊ Twitter မှာပဲဖတ်ကြတယ်။ စီးပွားရေးလုပ်နေတာဖြစ်တဲ့အတွက် Meta အနေနဲ့ အမြတ်မထွက်တော့မယ့်ကိစ္စမှာ ရပ်ဆိုင်းလိုက်တယ်ဗျာ" လို့ ပြောကြားခဲ့ပါတယ်။

Instagram မှာသတင်းတွေပြသတဲ့ဖြစ်ရပ်ဆိုရင်လည်း အလုပ်မဖြစ်လို့ Meta အနေနဲ့ TikTok ကို လိုက်တုနေရတဲ့ အဖြစ်တွေလည်း ရှိပါတယ်။ ဒါ့ကြောင့် Meta အနေနဲ့ ခုနောက်ပိုင်း ရှယ်ယာတွေကျတာမျိုးဖြစ်နေပြီး၊ အပြောင်းအလဲတွေ အများကြီး ကုမ္ပဏီအတွင်းမှာ ဖြစ်နေတယ်လို့ဆိုပါတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Google Co-founder မိန်းမနဲ့ ဒိတ်နေတာ မဟုတ်ဘူးလို့ ငြင်းလိုက်တဲ့ Elon Musk

Next
Next

ကမ္ဘာ့မျက်နှာပြင် မည်သည့်နေရာမဆို အချိန်မရွေးကျလာမယ့် အန္တရာယ်ရှိနေတဲ့ တရုတ်ဒုံးပျံ