ကမ္ဘာ့မျက်နှာပြင် မည်သည့်နေရာမဆို အချိန်မရွေးကျလာမယ့် အန္တရာယ်ရှိနေတဲ့ တရုတ်ဒုံးပျံ

တရုတ်အာကာသ လွန်းပျံယာဥ်တွေရဲ့ Rocket Booster တစ်ခုဟာ အာကာသကနေ ကမ္ဘာပေါ်ကို ပြန်ပြုတ်ကျလာမယ့် ဖြစ်ရပ်တစ်ခု ခုလာမယ့် ၅ ရက်အတွင်း ဖြစ်လာဖို့ရှိပါတယ်။​ ပြုတ်ကျလာတာဟာ တစ်ခြား ဒုံးပျံတွေလို တွက်ချက်ပြီး ပြုတ်ကျလာတာမဟုတ်ပဲ ကျချင်သလိုကျလာတာဖြစ်ပါတယ်။ လူနေထူထပ်တဲ့နေရာတွေကို ကျနိုင်စွမ်းဟာ နည်းပေမယ့် အရင်နှစ်ကလည်း ခုလို အဖြစ်အပျက်ဖြစ်ဖူးတာမို့ အကုန်လုံးက စိုးရိမ်တစ်ကြီး စောင့်ကြည့်နေကြတာဖြစ်ပါတယ်။ ဒုံးပျံဟာ ကမ္ဘာ့လေထုနဲ့ ပွတ်တိုက်ပြီး အစိတ်စိတ်ကွဲကာ အမှုန်အမွှားတွေအဖြစ် ကျလာနိုင်ပေမယ့် အန္တရာယ်ကတော့ အနည်းနဲ့အများ ရှိနေဆဲဖြစ်ပါတယ်။

ဒီ Booster ဟာ Long March 5B ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဂျူလိုင်လ ၂၄ ရက်နေ့တုန်းက အာကာသထဲ ထုတ်လွှတ်ခဲ့တာဖြစ်ပါတယ်။ တရုတ်အာကာသစခန်း Tiangong အတွက် လိုအပ်တဲ့ ပစ္စည်းတွေပို့ပေးဖို့အတွက် လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ ဒီ Boosterဟာ အလေးချိန်အနေနဲ့ ၂၂တန်ပေါင်(၄သောင်းကျော်) လေးပြီး အမြင့်ကတော့ ပေ ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ကမ္ဘာ့ပေါ်ကို ၉တန်နဲ့ အထက်ရှိတဲ့ ပစ္စည်းတွေ ကျလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

တွက်ချက်မှုတွေအရ လူတစ်ယောက်ကို ထိခိုက်နိုင်ချေဟာ ၁၀ သန်းမှာ ၆ ပုံပဲရှိတာမို့ အရမ်းကြီး စိုးရိမ်စရာမလိုဘူးလို့ တရုတ်အစိုးရက ထုတ်ပြန်ထားပေမယ့် တစ်ခါနဲ့မက မထိန်းချုပ်ပဲ ပျက်ကျလာနိုင်တဲ့ ဒုံးပျံတွေဟာ တစ်ခြားနိုင်ငံတွေကိုတော့ စိတ်အနှောက်အယှက်ဖြစ်စေတာ အမှန်ပါပဲ။ သင်ရဲ့ မိုးကြိုးပစ်ခံရနိုင်ချေဟာ အာကာသယာဥ်အပျက်တွေ ခေါင်းပေါ်ပြုတ်ကျလာနိုင်ချေထက် အကြိမ်ရေ ၈၀၀၀ ခန့်ပိုပြီး များတယ်လို့ အိန္ဒိယ ပညာရှင်တွေကဆိုထားပြီး အရင်တုန်းက အိန္ဒိယနိုင်ငံက ရွာတစ်ရွာကို တရုတ် အာကာသယာဥ်အစိတ်အပိုင်းတွေ ပျက်ကျခဲ့ဖူးပါသေးတယ်။

Ref : The Verge

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Meta အနေနဲ့ သတင်းဌာန တွေကိုပိုက်ဆံပေးပြီး Facebook အတွက် သတင်းဝယ်ယူတာကို ရပ်ဆိုင်းသွားမည်

Next
Next

“ရုံးသမားတွေအတွက် Productivity ပိုင်းအဆင်သင့်လက်တင်သုံးလို့ရမည့် OPI Feature ပါဝင်တဲ့ Laptop ကိုဘာကြောင့်ရွေးချယ်သင့်တာလဲ?”