Google Co-founder မိန်းမနဲ့ ဒိတ်နေတာ မဟုတ်ဘူးလို့ ငြင်းလိုက်တဲ့ Elon Musk

Elon Musk လို့ဆိုလိုက်တာနဲ့ မီလီယံနာသူဌေး၊ Tech Entrepreneur SpaceX နဲ့ Tesla ကိုပိုင်တဲ့သူလို့ အများကထင်သလို နောက်ကွယ်မှာလည်း နာမည်ကြီးသရုပ်ဆောင်တွေ၊ သူဌေးမိန်းမတွေနဲ့ ဒိတ်တဲ့ ပလေးဘွိုင်းလို့လည်း သိကြပါတယ်။ ဒီအကြောင်းနဲ့ပတ်သတ်လို့လည်း မကြာခဏ သတင်းမီဒီယာတွေက တိုက်ခိုက်တာကို ခံရပါတယ်။

ပြီးခဲ့တဲ့အပတ်ကလည်း Elon အနေနဲ့ Google Co-founder Sergey Brin ရဲ့ မိန်းမနဲ့ ဒိတ်နေပြန်တယ်လို့ သတင်းတွေ ထွက်လာပြန်ပါတယ်။ ဒီအကြောင်းကို Wall Street Journel မှာ Elon နဲ့ Sergey တို့ဟာ လူမှုရေးပြဿနာတစ်ခုကြောင့် မခေါ်မပြောနေကြတယ်လို့ သတင်းတစ်ခုအဖြစ်ပါဝင်ပြီးနောက် Elon က Twitter မှာ "ဒါဟာလုံးဝစောက်တလွဲ" လို့ပြောခဲ့ပါတယ်။ ဒါ့အပြင် သူနဲ့ သူနဲ့ Brin တို့ဟာ ပြီးခဲ့တဲ့ညကပဲ Party တစ်ခုမှာ အတူတူရှိနေခဲ့ကြတယ်လို့လည်း ဆိုပါတယ်။​

Wall Street မှာရေးထားတဲ့သတင်းမှာတော့ Elon နဲ့ Brin ရဲ့မိန်းမတို့ဆက်ဆံရေးကြောင့် Brin တို့ဟာ မနှစ်က လုံးဝပြတ်စဲသွားခဲ့ကြပြီး Brin နဲ့ Elon တို့ဟာလည်း မခေါ်မပြောပဲနေကြတယ်လို့ ရေးထားပေးမယ့် Elon ကတော့ Brin ရဲ့ ဇနီး Nichole ကို ၃ နှစ်အတွင်း ၂ ခါပဲတွေ့ဖူးပြီး တွေ့တိုင်းမှာလည်း လူအများကြီးရှိတဲ့ Public မှာပဲ တွေ့ဖူးတယ်လို့ဆိုပါတယ်။

Elon အနေနဲ့ 2022 မှာကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင်ဖြစ်ပြီး Google Co-founder Brin ကတော့ ၈ ယောက်မြောက်အချမ်းသာဆုံးဖြစ်ပါတယ်။ Brin မိန်းမကကိုယ်တိုင်ကတော့ နည်းပညာနဲ့ပတ်သတ်တဲ့ ရှေ့နေ့တစ်ယောက်အဖြစ်လုပ်ကိုင်နေသလို ဒီအဖြစ်အပျက် နဲ့ပတ်သတ်ပြီးတော့ တစ်စုံတစ်ရာ ငြင်းဆိုထားခြင်းမရှိပါဘူး။

Ref : CNN

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

တစ်ကိုယ်ရေ လုံခြုံရေးအတွက် Location Share တော့မယ်ဆိုရင်

Next
Next

Meta အနေနဲ့ သတင်းဌာန တွေကိုပိုက်ဆံပေးပြီး Facebook အတွက် သတင်းဝယ်ယူတာကို ရပ်ဆိုင်းသွားမည်