Google ကထုတ်ထား VPN ကို iOS မှာသုံးလို့ရပြီ

Android VPN ဈေးကွက်ပြိုင်ပွဲမှာ မင်းမူနေရတာကို Google အနေနဲ့ ကျေနပ်ပုံမပေါ်ပါဘူး။ Google One ရဲ့ VPN ကို iOS မှာလည်း ရနိုင်ပြီဖြစ်ပါတယ်။ VPN by Google One လို့အမည်ရတဲ့ VPN ကို iOS အသုံးပြုသူတွေ အင်တာနက််လုံခြုံရေး ကောင်းမွန်နိုင်စေဖို့ ရည်ရွယ်တယ်လို့ Marketing Campaign မှာ Google ဖော်ပြထားပါတယ်။ Google VPN ကို Google One Premium Plan (2TB နှင့်အထက်) ဝယ်ထားတဲ့သူတွေအသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ ဒီ VPN ကို ကိုယ်အပါအဝင် လူ ၅ ယောက်သုံးနိုင်မယ်််လို့လည်း ဆိုထားပါတယ်။ ဒီ လူ ၅ ယောက်အနေနဲ့ iOS, Android, Windows စတဲ့ Platform ကန့်သန်ချက်တွေ မရှိပဲ အသုံးပြုသွားနိုင််မယ််လို့ ဆိုပါတယ်။

ဒီ VPN ကို US မှာတင်မဟုတ်ပဲ Austria, Belgium, Denmark, Finland, Iceland, Ireland, the Netherlands, Norway, Sweden, and Switzerland စတဲ့ နောက်ထပ် ၁၀ နိုင်ငံမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တစ်ခြားဒေသတွေကိုလည်း တစ်ဖြည်းဖြည်း ရရှိနိုင်အောင် ချဲ့ထွင်သွားမယ်လို့ ဆိုပါတယ််။

Google Services တွေအနေနဲ့လည်း VPN ကိိုသုံးနေစဥ်မှာ Safe Disconnect လုပ်တာမျိုး၊ တစ်ချို့ App တွေကိုပဲ VPN သုံးပြီး တစ်ချို့ကို ရိုးရိုး Connection ပေးသုံးတာမျိုးတွေအပြင် Timer ပေးပြီး VPN အဖွင့်အပိတ်လုပ်တာမျိုးတွေ လုပ်နိုင်ပါသေးတယ်။

Google အနေနဲ့ သူတို့ VPN တွေဟာ သာမန် VPN တွေထက်ပိုလုံခြုံတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Connection တွေဟာ End-to-end Encryption ဖြစ်ပြီး ကျွမ်းကျင်တဲ့ အဖွဲ့အစည်းတွေက စစ်ဆေးထားတယ်လို့ဆိုပါတယ်။ ဒါ့အပြင် the Internet of Things Alliance (ioXt) လိုမျိိုး Open-sourced အဖွဲ့အစည်းတွေဆီကနေ လက်မှတ်တွေ ရထားတာဖြစ်ပါတယ်။ အင်တာနက် အသုံးပြုသူတွေရဲ့ Browsing Data တွေကို ခိိုးယူခံနေရတာမျိုး Google အနေနဲ့ ကာကွယ်ချင်ပုံရပါတယ်။ ဒါ့အပြင် နောက်ထွက်လာမယ့် Google One Services တွေမှာ ပိုကောင်းတဲ့ လုံခြုံရေးစနစ်တွေ ထည့်သွားမယ်လို့ Google ကထုတ်ပြန်ထားပါတယ်။

အင်တာနက်လုံခြုံရေးမြှင့်တင်ဖို့ လိုအပ်နေတဲ့ မြန်မာနိိုင်ငံမှာလည်း VPN ဆိုတဲ့ စကားလုံးဟာ နိုင်ငံသားတွေအတွင်းမှာ ခေတ်စားလာတာမကြာသေးပါဘူး။ လိုအပ်ချက်များလာနေတဲ့ ဆိုင်ဘာလုံခြုံရေးအရလည်း ပြည်တွင်း VPN ဈေးကွက်တွေရှိလာသလို တစ်ဆင့်ပြန်ရောင်းသူတွေလည်း ပေါ်လာပါတယ်။ တစ်ကယ်လို့ VPN Company အကြီးတွေ Payment သေသေချာချာနဲ့ ဝင်လာရင် ဘယ်လိုတွေ ပြောင်းလဲသွားမဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Google One Services တွေကို မြန်မာနိုင်ငံမှာ ဖုန်းဘေလ်နဲ့ ဝယ်လို့ရခဲ့တာ 2019 ကတည်းဖြစ်ပါတယ်။

Ref : Tech Church

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Instagram, Messenger နဲ့ Facebook Stories မှာ 3D avatars ထည့်သွင်းပေးလိုက်တဲ့ Meta

Next
Next

ဂိမ်း ၁၀၀ ကျော်ပါဝင်မယ့် Valve Steam Deck