MediaTek ရဲ့ Mid-range Chipset တွေတရားဝင်မိတ်ဆက်

MediaTek ရဲ့ Mid-Range Latest Chipset တွေဖြစ်တဲ့ Dimensity 6100+ ( AMD Athlon XP လိုလိုဘာလိုလို) တွေကို ဒီနေ့မိတ်ဆက်သွားပါတယ်။ ပြောကြားချက်တွေအရတော့ Sub-6 5G Support လို့ဆိုပါတယ်။

CPU မှာ Cortex-A76 Core ၂ခုပါပြီး Cortex-A55 cores ၆ ခုပါမယ်လို့ ဆိုပါတယ်။ Display ကိုလည်း 10-bit 90 Hz နဲ့ 120Hz Refresh Rate Support မယ်လို့ ဆိုထားပါသေးတယ်။ Camera ပိုင်းမှာ 108MP ထိ Support ပေးမှာဖြစ်သလို၊ Ai Powered Camera လို့ပြောသွားပါတယ်။ Video တွေကို 2K 30Fps နဲ့ရိုက်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် UltraSave 3.0+ technology ကြောင့် 5G Power Consumption ကိုလည်း 20% လျော့ကျစေမှာပါ။

ဒါ့အပြင် ရှေ့ကြည်နောက်ဝါး ကြိုက်သူမိတ်ဆွေတွေအတွက်လည်း AI-Bokeh Portrait Mode ပါလာဦးမှာပါ။ Bonus အနေနဲ့က Arcsoft လို့ခေါ်တဲ့ AI-color နည်းပညာကိုပါ ထည့်ပေးမယ်လို့ပြောပေမယ့် အဲ့ဒီအကြောင်းကိုတော့ အသေးစိတ်မပြောသေးပါဘူး။

လာမယ့် September လောက်မှာတော့ Dimensity 6100+ သုံးထားတဲ့ Phone တွေထွက်လာမယ်လို့ ခန့်မှန်းရပါတယ်။ Mid Range ဖုန်းတွေလည်း တစ်ဖြည်းဖြည်းစွမ်းလာတာ User တွေအတွက် ဝမ်းသာစရာပါပဲ။

Ref : GSMArena

#AkhayarTech

Sai Wai Yan Phyo

Tech Enthusiast

Previous
Previous

Microsoft ရဲ့ New Default Font "Aptos"

Next
Next

ဇီဝလက်နက်အန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်မယ့် Teslaကားတွေရဲ့ Bioweapon Defense Mode